ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
ရှင်မာကု 7:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်က “သင်တို့သည်လည်း နားမလည်ဘဲ ရှိနေကြသေးသလော။ လူ့အတွင်းသို့ ဝင်သမျှသောအစာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့မသိကြသလော။ Common Language Bible ကိုယ်တော်က ``သင်တို့သည်ဤမျှပင်အသိဉာဏ် ကင်းမဲ့လျက်နေကြသလော။ လူ၏အတွင်းသို့ ပြင်ပမှဝင်သည့်အရာတစ်စုံတစ်ခုမျှစိတ် နှလုံးထဲသို့မဝင်။ အစာအိမ်သို့သာဝင်ပြီး လျှင် အိမ်သာတွင်းသို့သက်ဆင်းသွားသောကြောင့် လူ၏ကိုယ်တွင်းသို့ဝင်သည့်အရာသည် လူကို မညစ်ညမ်းစေနိုင်ကြောင်းကို သင်တို့နားမ လည်ကြသလော'' ဟုမိန့်တော်မူ၏။ (ဤသို့ မိန့်တော်မူခြင်းအားဖြင့် မစားအပ်သည့် အစားအစာဟူ၍မရှိကြောင်းရှင်းပြ တော်မူသတည်း။) Garrad Bible ကိုယ် တော် က သင် တို့ လည်း ဤ မျှ လောက် ဉာဏ် ကင်း လျက် ရှိ နေ ကြ သ လော။ ပြင် ပ က ဝင် သော အ ရာ သည် စိတ် နှ လုံး ထဲ သို့ မ ရောက်။ ဝမ်း သို့ ရောက်၍ အိမ် သာ တွင် စွန့် ရ သော ကြောင့် လူ ကို မ သန့် အောင် ပြု နိုင် သည် မ ဟုတ် ကြောင်း မ သိ မ မြင် ကြ လော ဟု မိန့် တော် မူ သ ဖြင့် စား ဖွယ် ခဲ ဖွယ် အ မျိုး မျိုး ကို အ သန့် ထား တော် မူ၏။ Judson Bible ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်က“သင်တို့သည်လည်း ဤမျှလောက် အသိတရားကင်းမဲ့လျက်နေကြသလော။ ပြင်ပမှ လူ့အထဲသို့ဝင်သမျှသောအရာသည် လူကိုမညစ်ညူးစေနိုင်ကြောင်း သင်တို့မသိကြသလော။ မြန်မာ ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက် နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။- |
ခံတွင်းသို့ ဝင်သောအရာသည် လူကို ညစ်ညမ်းစေသည်မဟုတ်ပါ။ သို့သော် ခံတွင်းမှ ထွက်လာသောအရာသည်သာ လူကို ညစ်ညမ်းစေ၏” ဟု မိန့်တော်မူ၏။
ငါသည် စားစရာနှင့်ပတ်သက်၍ ပြောဆိုနေသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်နိုင်ကြသနည်း။ ထပ်မံ၍ ငါပြောသည်မှာ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို သတိပြုကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “သင်တို့သည် ဤပုံဥပမာကိုပင် နားမလည်လျှင် အခြားပုံဥပမာများကို မည်သို့နားလည်ကြမည်နည်း။
ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် အစာသည် စိတ်နှလုံးထဲသို့ မဝင်။ ဝမ်းထဲသို့ဝင်ပြီးမှ ရေအိမ်သို့စွန့်ရ၏” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူခြင်းအားဖြင့် အစားအစာဟူသမျှသည် သန့်ရှင်းကြောင်းကို ဖော်ပြတော်မူ၏။
ထိုအခါ ယေရှုက “အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှကို ယုံကြည်ရန် နှေးကွေးသောစိတ်နှလုံးရှိသည့်သူတို့…
ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ ဓမ္မဆရာဖြစ်လျက်နှင့်ပင် ဤအရာများကို နားမလည်သလော။
သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် နို့ကိုသာ ကျွန်ုပ်တိုက်ကျွေးခဲ့ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။
ဤအကြောင်းအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၌ ပြောစရာများစွာ ရှိသော်လည်း သင်တို့သည် နားလည်ရန် မကြိုးစားတော့သောကြောင့် ရှင်းပြရန် ခက်ပေ၏။