ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ရှင်မာကု 6:56 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် ကိုယ်တော်ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသတိုင်း၌ မကျန်းမာသူများကို ဈေးအရပ်တို့တွင် ချထားကြ၏။ ထိုသူတို့က မကျန်းမာသူများအား ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ပေးရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။ Common Language Bible ကိုယ်တော်ကြွရောက်တော်မူရာမြို့ရွာဇနပုဒ် ရှိလမ်းနားမှာလူနာများကိုချထားကြ၏။ အဝတ်တော်၏ပန်းဖွားကိုမျှ လူနာများအား တို့ထိခွင့်ပြုတော်မူရန်တောင်းပန်ကြ၏။ တို့ ထိခွင့်ရသမျှသောလူနာတို့သည်ကျန်းမာ လာကြ၏။ Garrad Bible မည် သည့် မြို့ ရွာ သို့ မ ဆို ဝင် ရောက် တော် မူ လျှင် လည်း ဈေး များ တွင် သူ နာ တို့ ကို ချ ထား လျက် အ ဝတ် တော် ပန်း ပွား ကို မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။ Judson Bible မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွားကိုမျှ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။ မြန်မာ မြို့ရွာဇနပုဒ်သို့ ရောက်တော်မူရာ၌ မကျန်းမမာသောသူတို့ကို လမ်းနားမှာထား၍ အဝတ်တော်၏ ပန်းပွားကိုမျှ တို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသော သူတို့သည်လည်း ချမ်းသာရကြ၏။ |
ထိုသူတို့သည် ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ရရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ထိုစဉ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲသော အမျိုးသမီးတစ်ဦးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။
ထိုနယ်တစ်ခွင်လုံးသို့ ပြေးသွားကြ၏။ ထို့နောက် ကိုယ်တော်ရှိတော်မူသည်ဟု ကြားသိရသောနေရာသို့ မကျန်းမာသူများကို အိပ်ရာနှင့်တကွ ခေါ်ဆောင်လာကြ၏။
သို့သော် ယေရှုက “ရပ်လော့” ဟု ဟန့်တားလျက် ပြတ်သွားသောနားရွက်ကို လက်တော်ဖြင့် တို့ထိကာ ပကတိအတိုင်းဖြစ်စေတော်မူ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
ထိုအမျိုးသမီးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍ ဝတ်ရုံတော်၏အမြိတ်ကို တို့ထိလိုက်သော် သူ၏သွေးသွန်ရောဂါသည် ချက်ချင်းပျောက်ကင်းလေ၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်အောက်တွင် ထိုအရှင်၏အမည်နာမမှတစ်ပါး ကျွန်ုပ်တို့ကို ကယ်တင်နိုင်သောအခြားအမည်နာမ မရှိပါ” ဟု ဖြေဆိုလေ၏။
ခြေမသန်စွမ်းသူအား ကောင်းမှုပြုသောကြောင့် ထိုလူကို မည်သို့အကောင်းပကတိအတိုင်း ဖြစ်စေသနည်းဟု ယနေ့ ကျွန်ုပ်တို့စစ်ဆေးခံရလျှင်
လူတို့သည် အနာရောဂါရှိသောသူများကို လမ်းနံဘေးသို့ သယ်ဆောင်လာ၍ ခုတင်နှင့် ဖျာပေါ်တွင် ထားကြ၏။ ဤသည်မှာ ပေတရုဖြတ်သွားသောအခါ တချို့လူနာများအပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် ဖြစ်၏။