Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 6:56 - မြန်မာ

56 မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

56 ကိုယ်​တော်​ကြွ​ရောက်​တော်​မူ​ရာ​မြို့​ရွာ​ဇ​န​ပုဒ် ရှိ​လမ်း​နား​မှာ​လူ​နာ​များ​ကို​ချ​ထား​ကြ​၏။ အ​ဝတ်​တော်​၏​ပန်း​ဖွား​ကို​မျှ လူ​နာ​များ​အား တို့​ထိ​ခွင့်​ပြု​တော်​မူ​ရန်​တောင်း​ပန်​ကြ​၏။ တို့ ထိ​ခွင့်​ရ​သ​မျှ​သော​လူ​နာ​တို့​သည်​ကျန်း​မာ လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

56 မည် သည့် မြို့ ရွာ သို့ မ ဆို ဝင် ရောက် တော် မူ လျှင် လည်း ဈေး များ တွင် သူ နာ တို့ ကို ချ ထား လျက် အ ဝတ် တော် ပန်း ပွား ကို မျှ တို့ ခွင့် ရ စေ ရန် တောင်း ပန် ကြ၏။ တို့ သ မျှ သော သူ နာ တို့ လည်း ကျန်း မာ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

56 မြို့​ရွာ​ဇ​န​ပုဒ်​သို့ ရောက်​တော်​မူ​ရာ၌ မ​ကျန်း​မ​မာ​သော​သူ​တို့​ကို လမ်း​နား​မှာ​ထား၍ အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

56 ကိုယ်တော်​ကြွ​တော်မူ​သော မြို့​၌​ဖြစ်စေ၊ ကျေးလက်​တောရွာ​၌​ဖြစ်စေ၊ လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​တို့​ကို ဈေး​အရပ်​၌​ချ​ထား​ကာ သူ​တို့​အား ကိုယ်တော်​၏​ဝတ်ရုံ​တော်​ပန်းဖွား​ကို​မျှ တို့ထိ​ခွင့်ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​ကြ​၏။ ကိုယ်တော်​ကို တို့ထိ​ရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ရောဂါ​ပျောက်ကင်း​ခြင်း​အခွင့်​ကို​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

56 လူတို့​သည် ကိုယ်တော်​ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသ​တိုင်း​၌ မကျန်းမာသူများ​ကို ဈေးအရပ်တို့​တွင် ချထားကြ၏။ ထို​သူတို့​က မကျန်းမာသူများ​အား ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ပေး​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 6:56
15 ပူးပေါင်းရင်းမြစ်များ  

အ​ဝတ်​တော်၏ ပန်း​ပွား​ကို​မျှ​သာ တို့​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။ တို့​သ​မျှ​သော သူ​တို့​သည်​လည်း ချမ်း​သာ​ရ​ကြ၏။


ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊-


အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-


ပတ်​ဝန်း​ကျင်​အ​ရပ်၌ ရှိ​သ​မျှ​သို့ ပြေး​သွား၍ မည်​သည်​အ​ရပ်၌ ရှိ​တော်​မူ​သည်​ဟု ကြား​လျှင်၊ ထို​အ​ရပ်​သို့ လူ​နာ​များ​ကို အိပ်​ရာ​နှင့် ဆောင်​ခဲ့​ကြ၏။-


ယေ​ရှု​က​လည်း၊ တန်​စေ​ဟု မိန့်​တော်​မူ၍ နား​ရွက်​ကို လက်​တော်​နှင့်​တို့​သ​ဖြင့် အ​နာ​ကို ပျောက်​စေ​တော်​မူ၏။-


ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။


နောက်​တော်​သို့ ချဉ်း​ကပ်၍ အ​ဝတ်​တော်၏​ပန်း​ပွား​ကို တို့​သ​ဖြင့်၊ ထို​ခ​ဏ​ချင်း​တွင် သွေး​သွန်​အ​နာ​ပျောက်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ