ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
ရှင်မာကု 6:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။ Common Language Bible ယောဟန်သည်သူတော်သူမြတ်ဖြစ်ကြောင်းဟေရုဒ် သိသဖြင့်ကြောက်၍ သူ့အားဘေးမဲ့လုံခြုံစွာ ထား၏။ ဟေရုဒ်သည်ယောဟန်၏ဟောပြောသွန်သင် ချက်များကိုကြားနာရသည့်အခါတိုင်း စိတ် မငြိမ်မသက်ဖြစ်ရတတ်သော်လည်းဝမ်းမြောက် စွာပင်ကြားနာလေ့ရှိသည်။ Judson Bible သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။ မြန်မာ သို့သော်လည်း ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသောသူဖြစ်ကြောင်းကို ဟေရုဒ်သည် သိ၍ သူ့ကို ကြောက်ရွံ့ရိုသေ၏။ သူ့ကိုလည်း စောင့်မ၏။ အမှုအရာများတို့၌ သူ၏စကားကို နားထောင်၍ ဝမ်းမြောက်သောစိတ်နှင့်လည်း နားထောင်တတ်သည်ဖြစ်သောကြောင့် ထိုမိန်းမသည် အခွင့်မရနိုင်။ |
ဟေရုဒ်မင်းသည် ယောဟန်ကို သတ်လိုသော်လည်း ဆူပူအုံကြွမည်ကို ကြောက်ရွံ့သဖြင့် မသတ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် လူထုသည် ယောဟန်အား ပရောဖက်တစ်ပါးအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြ၏။ သို့သော် လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကို အလွန်အံဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
အခြားသောသူတို့သည် ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့နှင့် တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ဝမ်းမြောက်စွာ ချက်ချင်းခံယူ၏။
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
ထိုလူအပေါင်းတို့သည် အံ့ဩတွေဝေလျက် “ဤအခြင်းအရာသည် မည်သည့်အရာကို ဆိုလိုသနည်း” ဟူ၍ အချင်းချင်းပြောဆိုကြ၏။
ထိုစကားကိုကြားသောအခါ ဗိမာန်တော်တပ်မှူးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် စိတ်ရှုပ်ထွေးကာ မည်သည့်အမှုဆက်ဖြစ်လာမည်ကို တွေးတောလျက်နေကြ၏။