ရှင်မာကု 4:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်တို့သည်လည်း အလွန်အံ့သြထိတ်လန့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်း ပြောဆိုကြ၏။ Common Language Bible ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။ Garrad Bible အ လွန် ကြောက် ရွံ့ ၍ ဤ သူ ကား မည် သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ Judson Bible သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ပင်လယ်တို့ပင်လျှင် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။ မြန်မာ သူတို့သည် အလွန်ကြောက်ရွံ့၍ ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့် ပင်လယ်သည် သူ၏စကားကို နားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။ |
တပည့်တော်တို့သည် အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ လေနှင့် လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။
ထို့နောက် ယေရှုက တပည့်တော်တို့အား “သင်တို့သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြသေးသလော” ဟု မေးတော်မူ၏။
ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌ မည်သို့ဖြစ်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်ရှေ့တော်သို့ လာ၍ ဝပ်တွားခယလျက် အဖြစ်မှန်အကုန်အစင်ကို လျှောက်လေ၏။
ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
အို ထာဝရဘုရား… ကိုယ်တော်ကို မကြောက်ရွံ့သောသူ၊ ကိုယ်တော်၏ နာမတော်ကို မချီးမွမ်းသောသူဟူ၍ ရှိပါမည်လော။ ကိုယ်တော်တစ်ပါးတည်းသာ သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်သောလုပ်ဆောင်မှုတို့သည် ပေါ်လွင်ထင်ရှားသောကြောင့် လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ ရှေ့တော်သို့ လာ၍ ကိုးကွယ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။