Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 8:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 တပည့်တော်တို့​သည် အံ့အားသင့်​လျက် “ဤ​သူ​သည် မည်သူနည်း။ လေ​နှင့် လှိုင်းတံပိုးတို့​ပင်လျှင် သူ့​ကို နာခံကြသည်” ဟူ၍ ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 တ​ပည့်​တော်​တို့​သည်​အံ့​သြ​၍ ``ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 တ ပည့် တော် တို့ လည်း အံ့ သြ၍ ဤ သူ ကား မည် သို့ သော သူ နည်း။ လေ နှင့် ရေ ပင် အ မိန့် တော် ကို နား ထောင် ရ ပါ သည် တ ကား ဟု ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 ထို​လူ​တို့​က​လည်း၊ ဤ​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း။ လေ​နှင့်​ပင်​လယ်​သည် သူ၏​စ​ကား​ကို နား​ထောင်​ပါ​သည်​တ​ကား​ဟု အံ့​ဩ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 8:27
8 ပူးပေါင်းရင်းမြစ်များ  

လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


လူထုကြီး​သည် ဆွံ့အသူများ စကားပြောကြသည်​ကို​လည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်း​ဖြစ်လာကြသည်​ကို​လည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်​နိုင်သွားကြသည်​ကို​လည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်​ကို​လည်းကောင်း မြင်တွေ့​သောအခါ အံ့အားသင့်​၍ အစ္စရေးလူမျိုး​၏​ဘုရားသခင်​ကို ချီးမွမ်းကြ၏။


ယေရှု​သည် ထို​တပ်မှူး​၏ စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့ လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​ကဲ့သို့ ယုံကြည်ခြင်း​ရှိသော​သူ​တစ်ဦး​ကိုမျှ အစ္စရေးလူမျိုး​ထဲ၌ ငါ​မတွေ့ဖူးသေး။


ယေရှု​က “ယုံကြည်ခြင်း​အားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူ​ပြီးနောက် ထ​၍ လေ​နှင့် လှိုင်းတံပိုး​အား အမိန့်ပေး​ကာ ဆုံးမတော်မူ၏။ ထိုအခါ လေ​နှင့် လှိုင်းတံပိုးတို့​သည် ချက်ချင်း​ငြိမ်သက်သွားလေ၏။


အိုင်​တစ်ဖက်ကမ်း​ရှိ ဂါရစ​ဒေသ​သို့ ကြွ​သောအခါ နတ်ဆိုးပူးသူ​နှစ်ဦးတို့​သည် သင်္ချိုင်းဂူများ​အကြား​မှ ထွက်လာ​၍ ယေရှု​နှင့် တွေ့ဆုံကြ၏။ ထို​သူတို့​သည် အလွန်​ဆိုးသွမ်း​သဖြင့် မည်သူ​မျှ ထို​သင်္ချိုင်း​လမ်း​ကို ဖြတ်​မသွားနိုင်ကြပေ။


လူ​အပေါင်းတို့​သည် အံ့အားသင့်​လျက် “ဤ​သွန်သင်မှု​အသစ်​သည် မည်သို့နည်း။ အာဏာ​ပါသည့် သွန်သင်မှု​ပါတကား။ နတ်ဆိုးများ​ပင် သူ​၏ အမိန့်​ကို နာခံကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ထို့နောက် သူတို့​ရှိ​ရာ လှေ​ပေါ်သို့ တက်တော်မူ​လျှင် လေ​ငြိမ်သွားလေ၏။ တပည့်တော်တို့​သည် အလွန်​မိန်းမောတွေဝေ​လျက် နေကြ၏။


ထို​သူတို့​သည် အလွန်အမင်း အံ့အားသင့်​လျက် “ထို​အရှင်​ပြုသမျှ​သည် အံ့ဖွယ်​ဖြစ်၏။ နားမကြားသူ​ကို ကြားစေ​၍ ဆွံ့အသူ​ကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ