တချို့မှာ မြေနည်း၍ ကျောက်ပေါသောနေရာတွင် ကျပြီး မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
ရှင်မာကု 4:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသောသူတို့သည် ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့နှင့် တူ၏။ ထိုသူတို့သည် တရားစကားကို ကြား၍ ဝမ်းမြောက်စွာ ချက်ချင်းခံယူ၏။ Common Language Bible ထိုနည်းတူစွာအချို့သောသူတို့သည်ကျောက်ခံ မြေတွင်ကျသည့်မျိုးစေ့နှင့်တူ၏။ သူတို့သည် တရားတော်ကိုကြားလျှင်ကြားချင်းဝမ်းမြောက် စွာခံယူကြ၏။- Garrad Bible ထို နည်း တူ ကျောက် ခံ မြေ တွင် ကြဲ ထား သူ တို့ မှာ တ ရား တော် ကို ကြား လျှင် ကြား ချင်း ရွှင် လန်း စွာ နာ ယူ သော် လည်း၊ Judson Bible ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- မြန်မာ့စံမီသမ္မာကျမ်း ကျောက်ပေါများသောနေရာတွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသောအခါ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူတို့ကိုဆိုလို၏။ မြန်မာ ကျောက်ပေါသောအရပ်၌ ကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်း ခံယူသော်လည်း၊- |
တချို့မှာ မြေနည်း၍ ကျောက်ပေါသောနေရာတွင် ကျပြီး မြေတိမ်သောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
လူတချို့သည် လမ်းပေါ်တွင် ကျသောမျိုးစေ့နှင့် တူ၏။ တရားစကားကို သူတို့ကြားသည်နှင့် စာတန်သည် ချက်ချင်းလာ၍ သူတို့၏စိတ်နှလုံး၌ ကြဲထားသော ထိုတရားစကားကို နုတ်ယူသွား၏။
သို့သော်လည်း ထိုတရားစကားမှာ သူတို့၏ စိတ်နှလုံးတွင် အမြစ်မစွဲသောကြောင့် ခဏသာခံ၏။ ထိုတရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်း ကြုံတွေ့ရသောအခါ ချက်ချင်းပင် ဖောက်ပြန်တတ်၏။
ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။
ထိုအခါ အဂြိပ္ပမင်းကြီးက “သင်သည် အချိန်တိုအတွင်း၌ ငါ့အားခရစ်ယာန်တစ်ဦးဖြစ်လာရန် သွေးဆောင်နိုင်မည်ဟု ထင်မှတ်ပါသလော” ဟူ၍ ပေါလုအားဆိုလေ၏။
ရှိမုန်ကိုယ်တိုင်ပင် ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာခံယူပြီးမှ ဖိလိပ္ပုထံ မှီဝဲဆည်းကပ်၍ နိမိတ်လက္ခဏာများနှင့် ကြီးမားသောအံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်ကို မြင်တွေ့ရသောအခါ အံ့ဩလျက်ရှိ၏။