ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ရှင်မာကု 3:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက ထိုလက်တစ်ဖက်သေသောသူအား “လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်လက်သေသူအား``ပရိသတ် ရှေ့သို့လာ၍ရပ်လော့'' ဟုမိန့်တော်မူ၏။- Garrad Bible အ လယ် သို့ ထ ခဲ့ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ Judson Bible ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း လက်တစ်ဖက်သေသောသူအား“အားလုံးရှေ့၌မတ်တတ်ရပ်လော့”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့ဟု လက်တစ်ဖက်သေသောသူအား မိန့်တော်မူပြီးမှ၊- |
ထိုနေရာ၌ လက်တစ်ဖက်သေသော လူတစ်ဦးကို ယေရှုသည် တွေ့မြင်တော်မူ၏။ ဖာရိရှဲတို့ကလည်း ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် “ဥပုသ်နေ့၌ အနာရောဂါကို ကုသပေးခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် ယေရှုသည် ဥပုသ်နေ့တွင် ထိုသူအား ကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
ထို့နောက် ထိုသူတို့အား “ဥပုသ်နေ့တွင် ကောင်းမှုကို ပြုသင့်သလော။ သို့မဟုတ် မကောင်းမှုကို ပြုသင့်သလော။ လူ့အသက်ကို ကယ်သင့်သလော။ သို့မဟုတ် သတ်ဖြတ်သင့်သလော” ဟု မေးတော်မူ၏။ သို့သော် သူတို့သည် မဖြေဘဲနေကြ၏။
ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။
ကျွန်ုပ်အကျဉ်းချခံရခြင်းကြောင့် အများစုသော ညီအစ်ကိုမောင်နှမတို့သည် သခင်ဘုရားအပေါ် စိတ်ချယုံကြည်လျက် မကြောက်ရွံ့ဘဲ သတင်းကောင်းကို ဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
ခရစ်တော်သည် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားခဲ့ရသောကြောင့် သင်တို့သည်လည်း ခရစ်တော်ကဲ့သို့သော သဘောထားဖြင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရန် ပြင်ဆင်ထားရမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာ၏ဆင်းရဲဒုက္ခကို ခံစားရသောသူတို့သည် အပြစ်မကျူးလွန်တော့ရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။