ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 3:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူမှာမူ မည်သည့်အခါမျှ ခွင့်လွှတ်တော်မူခြင်းခံရမည်မဟုတ်။ ထာဝရပြစ်ဒဏ်ကို ခံထိုက်သောသူဖြစ်သည်” ဟူ၍ဖြစ်၏။ Common Language Bible သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှား သောသူမူကား အပြစ်လွတ်ငြိမ်းခွင့်ရနိုင်လိမ့်မည် မဟုတ်။ သူသည်ထာဝရအပြစ်ကိုကူးသူဖြစ်၏'' ဟုမိန့်တော်မူ၏။- Judson Bible သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မည်သူမဆို သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် ကာလအစဉ်အဆက် အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးကိုမရရှိဘဲ ထာဝရအပြစ်သင့်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရအပြစ်ဒဏ်ကို ခံရသောသူဖြစ်ပေ၏ဟု မိန့်တော်မူ၏။- |
ထို့ကြောင့် ထိုသူများသည် ထာဝရအပြစ်ဒဏ်ခံရသောနေရာသို့ သွားကြလိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်ရာ နေရာသို့ သွားကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ မိန့်တော်မူရခြင်းမှာ လူတို့က “သူသည် နတ်ဆိုးပူးနေသူဖြစ်သည်” ဟု ပြောဆိုကြသောကြောင့်ဖြစ်၏။
လူသားကို နှုတ်နှင့်ပြစ်မှားသောသူသည် ခွင့်လွှတ်တော်မူခြင်းခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ခွင့်လွှတ်တော်မူခြင်းမခံရ။
ထိုသူတို့သည် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ သခင်ဘုရား၏ ဘုန်းတန်ခိုးတော်ကို ခံစားရခြင်းမှလည်းကောင်း ဖယ်ရှားခံရကာ ထာဝရပျက်စီးမည့် ပြစ်ဒဏ်ကို ခံကြရလိမ့်မည်။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။
ထိုကဲ့သို့ပင် သောဒုံမြို့၊ ဂေါမောရမြို့နှင့် အနီးရှိ မြို့များမှ မြို့သူမြို့သားတို့သည် လိင်မှုကျူးလွန်၍ သဘာဝနှင့် ဆန့်ကျင်သောမေထုန်ကို ပြုကြသဖြင့် ထာဝရမီးဒဏ်ကို ခံရ၏။ ထို့ကြောင့် ထိုမြို့တို့သည် သင်ခန်းစာယူစရာဖြစ်လာကြ၏။