Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:29 - မြန်မာ

29 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​သည် အ​ပြစ်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို အ​ဘယ်​ကာ​လ၌​မျှ မ​ရ​နိုင်​ကြ။ ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​သူ​ဖြစ်​ပေ၏​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သို့သော် မည်သူမဆို သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို စော်ကား​ပြောဆို​လျှင် ထို​သူ​သည် ကာလ​အစဉ်အဆက် အပြစ်​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို​မ​ရရှိ​ဘဲ ထာဝရ​အပြစ်​သင့်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 သို့ရာတွင် သန့်ရှင်းသော​ဝိညာဉ်တော်​ကို စော်ကား​ပြောဆိုသော​သူ​မှာမူ မည်သည့်​အခါမျှ ခွင့်လွှတ်တော်မူခြင်း​ခံရမည်​မဟုတ်။ ထာဝရ​ပြစ်ဒဏ်​ကို ခံထိုက်သော​သူ​ဖြစ်သည်” ဟူ၍​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:29
9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ထာ​ဝ​ရ​အ​ပြစ်​ဒဏ် ခံ​ရာ​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သူ​တို့​မူ​ကား၊ ထာ​ဝ​ရ​အ​သက်​ရှင်​ရာ​သို့​လည်း​ကောင်း သွား​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​က၊ ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သည်​ဟု ထင်​ကြ၏။-


သူ​တို့​သည် မု​ဆိုး​မ​အိမ်​ကို လု​ယူ​သိမ်း​စား၍ အ​ပြစ်​မ​ပေါ်​စေ​ခြင်း​ငှာ ရှည်​စွာ​သော ပ​တ္ထ​နာ​စ​ကား​ကို ရွတ်​တတ်​ကြ၏။ သူ​တို့​သည် သာ၍​ကြီး​စွာ​သော​ဒဏ်​ကို ခံ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။


အ​ဘယ်​ကြောင့် ဤ​သို့ မိန့်​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ညစ်​ညူး​သောနတ်​စွဲ​သော​သူ ဖြစ်​သည်​ဟု ဆို​ကြ​သ​တည်း။


လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို ရ​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို မ​ရ​နိုင်​ရာ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ