တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
ရှင်မာကု 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့၏ အမည်များမှာ ပေတရုဟု ယေရှုမှည့်ခေါ်ထားတော်မူသော ရှိမုန်၊ Common Language Bible ကိုယ်တော်ရွေးချယ်ခန့်ထားခြင်းခံရသည့်တစ် ကျိပ်နှစ်ပါးကား (ပေတရုဟုကိုယ်တော်မှည့် ခေါ်သူ) ရှိမုန်၊- Garrad Bible ပေ တ ရု အ မည် သစ် ဖြင့် သ မုတ် တော် မူ သော ရှိ မုန်၊ Judson Bible ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- မြန်မာ့စံမီသမ္မာကျမ်း ခန့်ထားတော်မူသောတစ်ဆယ့်နှစ်ပါးမှာ ပေတရုဟုကိုယ်တော်အမည်ပေးထားသော ရှိမုန်၊ မြန်မာ ပေတရုအမည်သစ်ကို ပေးတော်မူသောရှိမုန်၊- |
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
မိုးကြိုးသားဟု အဓိပ္ပာယ်ရသည့် ဗောနေဂရက်ဟု ယေရှုမှည့်ခေါ်ထားတော်မူသော ဇေဗေဒဲ၏ သားများဖြစ်သည့် ယာကုပ်နှင့် ယောဟန်၊
နောက်တစ်နေ့ မိုးလင်းသောအခါ မိမိတပည့်တော်များကိုခေါ်၍ ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို တမန်တော်အဖြစ် ရွေးချယ်တော်မူ၏။ ထိုသူတို့၏အမည်များမှာ
ထို့နောက် သူသည် ပေတရုကို ယေရှုထံတော်သို့ ခေါ်လာ၏။ ယေရှုက ပေတရုကို စူးစိုက်ကြည့်ပြီးလျှင် “သင်သည် ယောဟန်၏သား ရှိမုန်ဖြစ်၏။ သို့သော် သင့်ကို ကေဖဟူ၍ ခေါ်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ၏ အဓိပ္ပာယ်မှာ ကျောက်ဖြစ်၏။)
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ၊ ဤလောကဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။
ကျွန်ုပ်တို့သည် ပေတရုမှစ၍ သခင်ဘုရား၏ ညီတော်များနှင့် အခြားသောတမန်တော်များကဲ့သို့ ခရီးသွားရာတွင် ယုံကြည်သူဇနီးသည်ကို ကျွန်ုပ်တို့နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။