သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ ထွက်သွားလေ၏။ ထိုအချိန်တွင် ကြက်တွန်လေ၏။
ရှင်မာကု 14:70 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ပေတရုသည် ထပ်မံငြင်းဆိုလေ၏။ အချိန်အနည်းငယ်ကြာသော် ထိုနေရာ၌ ရပ်နေသောသူတို့က “သင်သည်လည်း အမှန်ပင်ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဂါလိလဲပြည်သားဖြစ်သည်” ဟု ပေတရုကို ဆိုကြ၏။ Common Language Bible ပေတရုသည်လည်းမဟုတ်ကြောင်းငြင်းဆိုပြန်၏။ ထိုနောက်များမကြာမီအနီးတွင်ရပ်နေသူတို့ က ``သင်သည်ဂါလိလဲပြည်သားဖြစ်သဖြင့် အမှန်ပင်ထိုသူတို့နှင့်အပေါင်းပါဖြစ်၏'' ဟုသူ့အားဆိုကြ၏။ Garrad Bible ခ ဏ ကြာ သော် ရပ် နေ သူ တို့ က ပေ တ ရု အား သင် သည် ဂါ လိ လဲ နယ် သား ဖြစ် သည့် အ လျောက် ထို သူ တို့ အ ပေါင်း ပါ စင် စစ် ဖြစ် သည် ဟု ဆို ကြ ရာ၊ Judson Bible ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုသည် တစ်ဖန်ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီး၌ရပ်နေသောသူတို့က “သင်သည် အမှန်ပင် သူတို့အထဲမှတစ်ဦးဖြစ်၏။ အကြောင်းမူကား သင်သည်လည်း ဂါလိလဲနယ်သားဖြစ်၏”ဟု ထပ်၍ ပေတရုအားဆိုကြ၏။ မြန်မာ ပေတရုသည် တစ်ဖန် ငြင်းခုံပြန်၏၊ ထိုနောက် များမကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏ဟု ပေတရုကိုဆိုကြလျှင်၊- |
သို့သော် ပေတရုက “သင်ပြောဆိုနေသည့်အရာကို ငါမသိပါ” ဟု ငြင်းဆိုလျက် ခြံအဝင်ဝဘက်သို့ ထွက်သွားလေ၏။ ထိုအချိန်တွင် ကြက်တွန်လေ၏။
ထိုအစေခံမိန်းကလေးသည် ပေတရုရပ်နေသည်ကို မြင်ပြန်သောအခါ “ဤလူသည် ထိုသူတို့ထဲမှ တစ်ယောက်ဖြစ်သည်” ဟု ဆို၏။
သူတို့က မိန်းမောတွေဝေလျက် “နားထောင်ကြလော့။ ယခု ဟောပြောသောသူတို့သည် ဂါလိလဲပြည်သားများမဟုတ်လော။