Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 2:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သူတို့​က မိန်းမောတွေဝေ​လျက် “နားထောင်ကြလော့။ ယခု ဟောပြောသော​သူတို့​သည် ဂါလိလဲပြည်သားများ​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အံ့​သြ​မိန်း​မော​တွေ​ဝေ​ကာ``ဤ​သို့​ဟော​ပြော နေ​ကြ​သူ​တို့​ကား​ဂါ​လိ​လဲ​ပြည်​သား​များ မ​ဟုတ်​ပါ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အံ့ သြ မိန်း မော တွေ ဝေ လျက် ကြည့် ပါ။ ဟော ပြော သူ တို့ ကား ဂါ လိ လဲ နယ် သား များ မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ ယ​ခု​ဟော​ပြော​သော​သူ​အ​ပေါင်း​တို့​သည် ဂါ​လိ​လဲ​လူ​ဖြစ်​ကြ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သူ​တို့​သည် အံ့သြ​ငေးမော​ကြ​လျက် “ကြည့်​ပါ။ ယခု​ပြောဆို​နေ​သော ဤ​သူ​အားလုံး​တို့​သည် ဂါလိလဲ​နယ်သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 2:7
12 ပူးပေါင်းရင်းမြစ်များ  

လူထု​ပရိသတ်များ​က “ဤ​သူ​သည် ဂါလိလဲပြည် နာဇရက်မြို့​မှ ပရောဖက်၊ ယေရှု​ဖြစ်သည်” ဟု ဖြေဆိုကြ၏။


ထို့နောက် အချိန်​အနည်းငယ်​ကြာ​သော် ထို​နေရာ​၌ ရပ်နေသော သူတို့​က ပေတရု​အနားသို့ လာပြီး​လျှင် “သင်​သည်လည်း အမှန်ပင်​ယေရှု​နှင့်အတူ​ရှိခဲ့သော​သူ​ဖြစ်၏။ သင်​၏ လေယူလေသိမ်း​ကို နားထောင်ခြင်း​အားဖြင့် သိနိုင်၏” ဟု ဆိုကြ၏။


ယေရှု​သည် ထို​တပ်မှူး​၏ စကား​ကို ကြား​သော် အံ့သြတော်မူ​လျက် နောက်တော်​သို့ လိုက်သောသူများ​ဘက်​သို့ လှည့်​၍ “သင်တို့​အား ငါ​အမှန်​ဆို၏။ ထို​ကဲ့သို့ ယုံကြည်ခြင်း​ရှိသော​သူ​တစ်ဦး​ကိုမျှ အစ္စရေးလူမျိုး​ထဲ၌ ငါ​မတွေ့ဖူးသေး။


လူ​အပေါင်းတို့​သည် အံ့အားသင့်​လျက် “ဤ​သွန်သင်မှု​အသစ်​သည် မည်သို့နည်း။ အာဏာ​ပါသည့် သွန်သင်မှု​ပါတကား။ နတ်ဆိုးများ​ပင် သူ​၏ အမိန့်​ကို နာခံကြသည်” ဟု အချင်းချင်း​ပြောဆိုကြ၏။


ထို​သူ​သည် ချက်ချင်း ထ​၍ ထမ်းစင်​ကို ယူ​ကာ လူထု​ကြားမှ ထွက်သွားလေ၏။ လူတို့​သည် အံ့အားသင့်​လျက် “ဤသို့သော​အဖြစ်အပျက်​မျိုး​ကို မည်သည့်​အခါမျှ မမြင်ဖူးပါ” ဟု ပြောဆို​ကာ ဘုရားသခင်​ကို ချီးမွမ်းကြ၏။


ထို​သူတို့​က “သင်​သည်လည်း ဂါလိလဲပြည်သား​ဖြစ်သလော။ ကျမ်းစာ​၌ ရှာဖွေ​လေ့လာလော့။ ဂါလိလဲပြည်​မှ မည်သည့်​ပရောဖက်​မျှ မပေါ်ထွန်းကြောင်း​ကို သင်​သိရ​လိမ့်မည်” ဟု ဆိုကြ၏။


ထို​သူတို့​က “အို ဂါလိလဲပြည်သားတို့… သင်တို့​သည် အဘယ်ကြောင့် ကောင်းကင်​သို့ မျှော်ကြည့်​လျက် ရပ်နေကြသနည်း။ သင်တို့​ထံမှ ကောင်းကင်ဘုံ​သို့ ဆောင်ယူခြင်း​ခံရသော ထို​ယေရှု​သည် ကောင်းကင်ဘုံ​သို့ ကြွမြန်းတော်မူသည်​ကို သင်တို့​မြင်ကြရသည့်​နည်းတူ ပြန်​၍​ကြွလာတော်မူမည်” ဟု ပြောဆိုကြ၏။


ထို​လူ​အပေါင်းတို့​သည် အံ့ဩတွေဝေ​လျက် “ဤ​အခြင်းအရာ​သည် မည်သည့်​အရာ​ကို ဆိုလိုသနည်း” ဟူ၍ အချင်းချင်း​ပြောဆိုကြ၏။


ထိုသို့​ဖြစ်လျှင် ငါတို့​အသီးသီး​သည် ကိုယ့်​မိခင်ဘာသာစကား​ကို အဘယ်ကြောင့်​ကြားနေရသနည်း။


ထို​သူ​သည် ဗိမာန်တော်​၏ လှပသော​တံခါး​အနီး​၌ ထိုင်​၍ ငွေကြေး​တောင်းရမ်းသောသူ​ဖြစ်ကြောင်း သတိပြုမိကြ၏။ သူတို့​သည် ထို​သူ​၌ ဖြစ်ပျက်ခဲ့သည့်​အခြင်းအရာများ​ကို အလွန်​အံ့အားသင့်​၍ ရင်သပ်ရှုမော​လျက်​ရှိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ