ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ရှင်မာကု 14:54 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် မလှမ်းမကမ်းမှ လိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ အစောင့်တပ်သားများနှင့်အတူ ထိုင်ကာ မီးလှုံလျက် နေ၏။ Common Language Bible ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းအတွင်းသို့တိုင် အောင် ကိုယ်တော်၏နောက်တော်ကလိုက်လာခဲ့၏။ သူသည်ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူ မီးလှုံလျက်နေ၏။- Garrad Bible ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း အ တွင်း တိုင် အောင် အ ဝေး က လိုက်၍ မင်း မှု ထမ်း တို့ နှင့် အ တူ မီး လှုံ လျက် ထိုင် နေ၏။ Judson Bible ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအတွင်းထဲအထိ ကိုယ်တော့်နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ အစောင့်တပ်သားများနှင့်အတူထိုင်လျက် မီးလှုံနေ၏။ မြန်မာ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့တိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့်အတူ ထိုင်၍မီးလှုံလေ၏။- |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ထိုအချိန်တွင် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ ရုံးတော်ဝင်းတိုင်အောင် နောက်တော်သို့ မလှမ်းမကမ်းမှလိုက်လေ၏။ သူသည် အတွင်းသို့ ဝင်၍ ယေရှု၏အမှုသည် အဆုံး၌ မည်သို့ဖြစ်မည်ကို သိရှိနိုင်ရန် အစောင့်တပ်သားများနှင့်အတူ ထိုင်လျက် စောင့်ကြည့်နေ၏။
ဖြားယောင်းသွေးဆောင်ခြင်းထဲသို့ လိုက်ပါမသွားစေရန် သတိနှင့် စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာမှာမူ အားနည်း၏” ဟု မိန့်တော်မူ၏။
ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် ယဇ်ပုရောဟိတ်မင်း၏ အစေခံအမျိုးသမီးတစ်ဦးသည် ရောက်လာ၏။
ယေရှုသည် ပြင်းစွာသော ဝေဒနာကိုခံလျက် စိတ်အားပြင်းပြစွာ ဆုတောင်းသဖြင့် ချွေးစက်တော်သည် သွေးစက်သဖွယ် မြေပေါ်သို့ကျလေ၏။
ထိုသူတို့သည် ယေရှုကိုဖမ်းဆီး၍ ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည် မလှမ်းမကမ်းမှလိုက်လေ၏။
ထိုအချိန်တွင် အစောင့်တပ်သားများနှင့် အိမ်အစေခံများသည် ချမ်းသဖြင့် မီးခဲဖိုကာ ပတ်လည်၌ ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း ထိုသူတို့နှင့်အတူ ရပ်လျက် မီးလှုံနေ၏။
ထိုအချိန်၌ ရှိမုန်ပေတရုသည် ရပ်လျက် မီးလှုံနေစဉ် လူတို့က “သင်သည်လည်း သူ၏ တပည့်များထဲမှ တစ်ယောက်မဟုတ်လော” ဟု မေးကြ၏။ ပေတရုက “မဟုတ်ပါ” ဟု ငြင်းပြန်၏။