Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 26:58 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

58 ထို​အချိန်​တွင် ပေတရု​သည် ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​တိုင်အောင် နောက်တော်​သို့ မလှမ်းမကမ်း​မှ​လိုက်လေ၏။ သူ​သည် အတွင်း​သို့ ဝင်​၍ ယေရှု​၏​အမှု​သည် အဆုံး​၌ မည်သို့​ဖြစ်မည်​ကို သိရှိ​နိုင်ရန် အစောင့်တပ်သားများ​နှင့်အတူ ထိုင်​လျက် စောင့်ကြည့်နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

58 ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

58 ပေ တ ရု သည် ပ ရော ဟိတ် မင်း၏ ကျောင်း တော့် တံ တိုင်း တိုင် အောင် အ ဝေး က လိုက် လျက် ဝင် ပြီး လျှင် အ ပြီး သတ် ခြင်း ကို သိ မြင် ရန် မင်း မှု ထမ်း တို့ နှင့် ထိုင် နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

58 ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

58 ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

58 ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 26:58
10 ပူးပေါင်းရင်းမြစ်များ  

ထိုအချိန်​၌ပင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် အကြီးအကဲများ​သည် ကယာဖ​ဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း​၏ အိမ်​၌ စုဝေး​လျက်


သင်​သည် တရားလို​နှင့်အတူ တရားရုံး​သို့ သွား​သောအခါ ထို​သူ​နှင့် အမှု​ကျေအေး​စေရန် လမ်း​၌​ပင် အလျင်အမြန်​လုပ်ဆောင်လော့။ ထိုသို့​မဟုတ်​လျှင် တရားလို​သည် သင့်​ကို တရားသူကြီး​လက်​သို့ အပ်​လိမ့်မည်။ ထို​တရားသူကြီး​သည်လည်း အရာရှိ​ထံသို့​အပ်​သဖြင့် သင်​သည် ထောင်ချ​ခံရ​လိမ့်မည်။


ထို​သူတို့​သည် ယေရှု​ကို​ဖမ်းဆီး​၍ ယဇ်ပုရောဟိတ်မင်း​၏​အိမ်​သို့ ခေါ်ဆောင်သွားကြ၏။ ပေတရု​သည် မလှမ်းမကမ်း​မှ​လိုက်လေ၏။


ထို​အချိန်​၌ ရှိမုန်​ပေတရု​သည် ရပ်​လျက် မီးလှုံ​နေစဉ် လူတို့​က “သင်​သည်လည်း သူ​၏ တပည့်များ​ထဲမှ တစ်ယောက်​မဟုတ်လော” ဟု မေးကြ၏။ ပေတရု​က “မဟုတ်ပါ” ဟု ငြင်းပြန်၏။


ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဗိမာန်တော်​အစောင့်များ​သည် ယေရှု​ကို မြင်​သောအခါ “လက်ဝါးကပ်တိုင်​တွင် သတ်ပါ။ လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟူ၍ အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်း​က “သင်တို့​ကိုယ်တိုင် သူ့​ကို ခေါ်သွား​၍ လက်ဝါးကပ်တိုင်​တွင် သတ်ကြလော့။ သူ​၌ မည်သည့်​ပြစ်မှု​ကိုမျှ ငါ​မတွေ့” ဟု ဆို၏။


ထိုသို့ လူတို့​တီးတိုး​ပြောဆိုနေကြသည်​ကို ဖာရိရှဲများ ကြား​သော် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် တိုင်ပင်​၍ ယေရှု​ကို ဖမ်းဆီး​ရန် ဗိမာန်တော်​အစောင့်များ​ကို စေလွှတ်လိုက်ကြ၏။


ဗိမာန်တော်​အစောင့်များ​သည် ယေရှု​ကို​မဖမ်းဆီးဘဲ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ဖာရိရှဲများ​ထံသို့ ပြန်လာ​သော် သူတို့​က “အဘယ်ကြောင့် သူ့​ကို မဖမ်းဆီးခဲ့သနည်း” ဟု မေးကြ၏။


သို့ရာတွင် ဗိမာန်တော်​အစောင့်တပ်သားတို့​သည် ထောင်​သို့ ရောက်​သောအခါ တမန်တော်တို့​ကို မတွေ့​သဖြင့် ပြန်လာ​၍


ထို့နောက် ဗိမာန်တော်​တပ်မှူး​သည်​အစောင့်တပ်သားများ​နှင့်အတူ သွားကြပြီး​လျှင် တမန်တော်တို့​ကို ခေါ်ဆောင်လာကြ၏။ သို့သော်လည်း လူတို့​သည် မိမိတို့​အား ကျောက်ခဲ​နှင့် ပေါက်သတ်မည်​ကို​ကြောက်​သောကြောင့် တမန်တော်တို့​ကို အကြမ်းမဖက်ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ