သူသည် ရောက်လျှင် ယေရှုထံတော်သို့ ချက်ချင်း လာ၍ “ဆရာတော်…” ဟု ခေါ်ဆိုလျက် နမ်းလေ၏။
သူသည်ရောက်လာပြီးလျှင်ချက်ချင်းပင် ကိုယ်တော်ထံသို့ချဉ်းကပ်ကာ ``အရှင်ဘုရား'' ဟုဆို၍ကိုယ်တော်ကိုနမ်းရှုပ်လေသည်။-
ကိုယ် တော့် ထံ ရုတ် ချင်း ရောက် လာ ချဉ်း ကပ်၍ ဆ ရာ တော် ဟု ဆို လျက် နမ်း ရှုပ် သော်၊
သူသည် ရောက်လျှင် ကိုယ်တော်ရင်းသို့ချက်ချင်း ချဉ်းကပ်၍ အရှင်ဘုရား၊ အရှင်ဘုရားဟုဆိုလျက် နမ်းလေ၏။-
ထို့ကြောင့် သူသည် ရောက်လာသည်နှင့် ကိုယ်တော်ထံသို့ ချက်ချင်းချဉ်းကပ်၍ “ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။
ယေရှုကို သစ္စာဖောက်၍ အပ်နှံသော ယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကာ စောင့်ကြပ်၍ ခေါ်ဆောင်သွားကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားပေးထား၏။
ထိုအခါ လူတို့သည် ယေရှုကို ဖမ်းဆီးချုပ်နှောင်ကြ၏။
သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်ကြသနည်း။
ယေရှုက “မာရိ” ဟု ခေါ်လျှင် မာရိသည် လှည့်၍ ဟေဗြဲဘာသာဖြင့် “ရဗ္ဗုနိ” ဟု ထူးလေ၏။ (ရဗ္ဗုနိ၏ အဓိပ္ပာယ်သည် ဆရာကို ဆိုလို၏။)
ထိုစဉ် တပည့်တော်တို့က ယေရှုအား “ဆရာတော်… အစာကို သုံးဆောင်တော်မူပါ” ဟု တောင်းပန်ကြ၏။