ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ရှင်မာကု 14:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်နှစ်ပါးတို့သည် မြို့ထဲသို့ သွားကြရာ ယေရှုမိန့်မှာသည့်အတိုင်း တွေ့မြင်၍ ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။ Common Language Bible ထိုတပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင် မြို့တွင်းသို့ဝင်ကြ၏။ မြို့ထဲသို့ရောက်သော အခါကိုယ်တော်မိန့်မှာတော်မူလိုက်သည့်အတိုင်း တွေ့၍ ပသခါညစာကိုအသင့်ပြင်ကြ၏။ Garrad Bible တ ပည့် တော် တို့ သည် သွား လျက် မြို့ တွင်း သို့ ရောက် သော် မိန့် တော် မူ လိုက် သည့် အ တိုင်း တွေ့ ကြ၏။ ပ သ ခါ ပွဲ ကို ပြင် ဆင် ကြ ပြီး နောက်၊ Judson Bible တပည့်တော်တို့သည် သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း တပည့်တော်တို့သည်လည်း ထွက်သွား၍ မြို့ထဲသို့ဝင်ကြရာ သူတို့အား ကိုယ်တော်မိန့်တော်မူသည့်အတိုင်းတွေ့သဖြင့် ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။ မြန်မာ တပည့်တော်တို့သည် သွား၍ မြို့ထဲသို့ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏။ |
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ညနေချမ်းအချိန် ရောက်သောအခါ ကိုယ်တော်သည် တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။
ထို့နောက် သူတို့သည် သွားကြရာ ယေရှုမိန့်မှာသည့်အတိုင်း တွေ့မြင်၍ ပသခါပွဲတော်ကို ပြင်ဆင်ကြ၏။
ထို့နောက် ယေရှုက “ငါသည် သင်တို့ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်နှင့် ဖိနပ်အပိုတို့ကို မယူစေဘဲ စေလွှတ်ခဲ့စဉ်က သင်တို့သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များက “မည်သည့်အရာမျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။
ဤအကြောင်းအရာများကို သင်တို့အား ယခု ငါပြောပြီ။ သို့မှသာ ဤအရာများဖြစ်ပျက်လာသောအခါ သင်တို့အား ငါပြောနှင့်ပြီးဖြစ်ကြောင်းကို သင်တို့သတိရကြလိမ့်မည်။ ယခင်က သင်တို့ကို ငါမပြောဘဲ နေခဲ့သည်မှာ ငါသည် သင်တို့နှင့်အတူ ရှိနေသေးသောကြောင့် ဖြစ်၏။