Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထို့နောက် ယေရှု​က “ငါ​သည် သင်တို့​ကို ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်​နှင့် ဖိနပ်​အပို​တို့​ကို မယူစေဘဲ စေလွှတ်ခဲ့​စဉ်​က သင်တို့​သည် တစ်စုံတစ်ခု လိုအပ်ခဲ့သလော” ဟု မေးတော်မူ၏။ တပည့်တော်များ​က “မည်သည့်​အရာ​မျှ မလိုခဲ့ပါ” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``မ​ရှိ​ပါ'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ၎င်း ပြင် ကိုယ် တော် က သင် တို့ ကို ငွေ အိတ်၊ လွယ် အိတ်၊ ဖိ နပ် မ ပါ ဘဲ ငါ စေ လွှတ် သည့် ကာ လ တစ် စုံ တစ် ရာ လို ကြ သ လော ဟု မေး တော် မူ သော် မ လို ပါ ကြောင်း ပြန် လျှောက် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထို့နောက် ကိုယ်တော်​က“ငါ​သည် သင်​တို့​ကို ငွေ​အိတ်၊ လွယ်အိတ်​နှင့် ဖိနပ်​မ​ပါ​ဘဲ စေလွှတ်​သောအခါ သင်​တို့​တွင် လိုအပ်​မှု​တစ်စုံတစ်ရာ​ရှိ​ခဲ့​သလော”​ဟု တပည့်​တော်​တို့​အား​မေး​တော်မူ​လျှင် သူ​တို့​က “မ​ရှိ​ခဲ့​ပါ”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ အ​ထက်​က ငွေ​အိတ်၊ လွယ်​အိတ်၊ ခြေ​နင်း​မ​ပါ​ဘဲ သွား​ကြ​လော့​ဟု သင်​တို့​ကို ငါ​စေ​လွှတ်​သော​အ​ခါ တစ်​စုံ​တစ်​ခု​လို​သ​လော​ဟု မေး​လျှင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု လျှောက်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:35
16 ပူးပေါင်းရင်းမြစ်များ  

ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်​အပို​စသည်တို့​ကို ယူမသွားကြနှင့်။ လမ်း​တွင် မည်သူ​ကို​မျှ နှုတ်မဆက်ကြနှင့်။


ယေရှု​က “ပေတရု၊ သင့်​အား​ငါ​ပြောဆိုသည်​မှာ ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “သို့သော် ယခု​တွင်​မူ ပိုက်ဆံအိတ်​ရှိ​လျှင် ယူခဲ့လော့။ ခရီးဆောင်အိတ်​ရှိ​လျှင်​လည်း ယူခဲ့လော့။ ဓား​မရှိသော​သူ​သည် မိမိ​အဝတ်​ကို ရောင်း​၍ ဓား​တစ်လက်​ဝယ်ယူလော့။


ကိုယ်တော်​က “ခရီး​သွား​စဉ် တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ငွေ​နှင့် အင်္ကျီ​အပို​စသည်တို့​ကို ယူမသွားကြနှင့်။


ကျမ်းစာ​၌ “များများ​ရသောသူ မပို၊ နည်းနည်း​ရသောသူ မလို” ဟု ရေးသားထားသည့်​အတိုင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ