ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ရှင်မာကု 14:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တဆေးမဲ့မုန့်ပွဲတော်ပထမနေ့ဖြစ်သည့် ပသခါသိုးသငယ်ကို ယဇ်ပူဇော်ရသောနေ့တွင် ယေရှု၏ တပည့်တော်တို့က “သခင့်အတွက် ပသခါပွဲတော်ညစာကို အကျွန်ုပ်တို့ မည်သည့်နေရာသို့ သွား၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။ Common Language Bible ပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ Garrad Bible ပ သ ခါ ယဇ် ကို စီ ရင် လေ့ ရှိ သော တ ဆေး မဲ့ မုန့် ပွဲ ပ ဌ မ နေ့ တွင် တ ပည့် တော် တို့ က ပ သ ခါ ပွဲ ကို စား တော် ခေါ် ရန် မည် သည့် အ ရပ် သို့ သွား၍ ပြင် ဆင် စေ တော် မူ လို ပါ သ နည်း ဟု မေး လျှောက် ကြ ရာ၊ Judson Bible ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တည်းဟူသော ပသခါပွဲတော်အတွက် သိုးသငယ်ကိုပူဇော်ရသောနေ့တွင် တပည့်တော်တို့က “ပသခါပွဲတော်ညစာကိုသုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာသို့သွား၍ ပြင်ဆင်စေလိုပါသနည်း”ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။ မြန်မာ ပသခါသိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပထမနေ့၌ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲကို စားတော်မူဖို့ရာ အဘယ်အရပ်၌ အကျွန်ုပ်တို့သည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်းဟု မေးလျှောက်ကြသော်၊- |
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ပသခါပွဲတော်နှင့် တဆေးမဲ့မုန့်ပွဲတော်များ မကျင်းပမီ နှစ်ရက်အလိုတွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ယေရှုကို တိတ်တဆိတ် ဖမ်းဆီး၍ သတ်ရန် အခွင့်ကောင်းကို ရှာကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။
ယေရှုက တပည့်တော်နှစ်ပါးအား “သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ ရေအိုးထမ်းလာသောလူတစ်ဦးနှင့် ဆုံလိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သည့်အိမ်သို့ ဝင်ကြလော့။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။