အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
ရှင်မာကု 13:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တစ်စုံတစ်ဦးက သင်တို့အား ‘ကြည့်လော့။ ဤနေရာတွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထိုနေရာတွင် ခရစ်တော် ရှိသည်’ ဟု ဆိုသော်လည်း မယုံကြနှင့်။ Common Language Bible ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်၊ မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုသော်မယုံကြည်နှင့်။- Garrad Bible ထို ကာ လ ကြည့် လော့။ ခ ရစ် တော် သည် ဤ တွင် ထို တွင် ရှိ သည် ဟု တစ် စုံ တစ် ယောက် ဆို လျှင် မ ယုံ ကြ နှင့်။ Judson Bible ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ကြည့်လော့။ ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ မြန်မာ ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- |
အဘယ်ကြောင့်ဆိုသော် လူများစွာတို့က ‘ငါသည် ခရစ်တော်ဖြစ်၏’ ဟု ငါ့အယောင်ဆောင်လျက် ရောက်လာကြလိမ့်မည်။ လူများစွာကိုလည်း လှည့်ဖြားကြလိမ့်မည်။
အကယ်၍ သခင်ဘုရားသည် ထိုနေ့ရက်ကာလများကို တိုတောင်းစေတော်မမူလျှင် မည်သူမျှ အသက်ဘေးမှ လွတ်နိုင်မည်မဟုတ်။ သို့ရာတွင် ကိုယ်တော်သည် မိမိရွေးချယ်ထားတော်မူသောသူများအတွက် ထိုနေ့ရက်များကို တိုတောင်းစေတော်မူမည်။
ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များ ပေါ်လာလိမ့်မည်။ ထိုသူတို့သည် ဖြစ်နိုင်ပါက ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြုကြလိမ့်မည်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
ငါသည် ခမည်းတော်၏ အခွင့်နှင့် လာသော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသူတစ်ဦးသည် ကိုယ်ပိုင်အခွင့်နှင့် လာပါက သင်တို့သည် ထိုသူကို လက်ခံကြလိမ့်မည်။