ကိုယ်တော်သည် တပည့်တော်တို့ကို ခေါ်၍ “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားလှူဒါန်းကြသောလူများထက် ပို၍ လှူဒါန်းလေပြီ။
ရှင်မာကု 12:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံများကို လှူကြပေသည်။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပေးလှူ သတည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် စည်း စိမ် ပို မို ရာ မှ ထည့် သွင်း ကြ၏။ ဤ မိန်း မ မူ ကား ဆင်း ရဲ ငတ် မွတ် ရာ မှ ကိုယ် ပိုင် သ မျှ အ သက် မွေး ရန် ရှိ သ မျှ ကို ပင် ထည့် သွင်း ပြီ တ ကား ဟု မိန့် တော် မူ ၏။ Judson Bible အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့အားလုံးသည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ ထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသမျှသောအရာအားလုံး၊ သူ၏အသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ |
ကိုယ်တော်သည် တပည့်တော်တို့ကို ခေါ်၍ “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားလှူဒါန်းကြသောလူများထက် ပို၍ လှူဒါန်းလေပြီ။
ဤအမျိုးသမီးသည် သူတတ်နိုင်သမျှကို ပြုပြီ။ ငါ့ကို သင်္ဂြိုဟ်ရန်အတွက် ငါ့ကိုယ်ခန္ဓာပေါ်၌ ကြိုတင်၍ ဆီမွှေးလိမ်းပြီ။
သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။