ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ရှင်မာကု 12:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ပညာရှိစွာ ဖြေကြားသည်ကို တွေ့မြင်တော်မူသော် ယေရှုက “သင်သည် ဘုရားသခင်၏ နိုင်ငံတော်နှင့် မဝေးလှ” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။ Common Language Bible ထိုသူသည်ဤသို့အသိပညာနှင့်လျှောက်ထား သည့်အတွက် သခင်ယေရှုက ``သင်သည်ဘုရား သခင်၏နိုင်ငံတော်နှင့်မဝေးတော့ပြီ'' ဟု မိန့်တော်မူ၏။ ထိုနောက်မည်သူမျှကိုယ်တော်အားထပ်မံ၍ မမေးမလျှောက်ဝံ့ကြ။ Garrad Bible ပ ညာ သ တိ နှင့် ဖြေ ကြောင်း ကို ယေ ရှု သိ မြင် တော် မူ သော် သင် သည် ကောင်း ကင် နိုင် ငံ တော် နှင့် ဝေး သည် မ ဟုတ် ဟု မိန့် တော် မူ၏။ ထို နောက် ကိုယ် တော် ကို မည် သူ မျှ ထပ် မံ မ မေး မ စမ်း ဝံ့ ချေ။ Judson Bible ထိုသို့ ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ပညာရှိစွာဖြေကြားသည်ကို ယေရှုမြင်တော်မူလျှင်“သင်သည် ဘုရားသခင်၏နိုင်ငံတော်နှင့်မဝေး”ဟု သူ့အား မိန့်တော်မူ၏။ ထိုအချိန်မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။ မြန်မာ ထိုသို့ ပညာသတိနှင့် ပြန်လျှောက်သည်ကို ယေရှုသည်သိမြင်လျှင်၊ သင်သည်ဘုရားသခင်၏ နိုင်ငံတော်နှင့်မဝေးဟု မိန့်တော်မူ၏။ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။ |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
သူသည် ကြေနေသောကျူပင်ကို မချိုး။ တငွေ့ငွေ့လောင်နေသော မီးစာကို ငြိမ်းသတ်မည်မဟုတ်။ အဆုံး၌ တရားမျှတခြင်း စိုးမိုးလာသည်ထိ ဆောင်ရွက်လိမ့်မည်။
ထိုအခါ မည်သူမျှ အဖြေမပေးနိုင်ကြ။ ထိုနေ့မှစ၍ ယေရှုအား မည်သူမျှ ထပ်မံ၍ မမေးလျှောက်ဝံ့ကြပေ။
တစ်ချိန်က ကျွန်ုပ်သည် ပညတ်တရားကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ကို သိရှိလာသည်နှင့် တစ်ပြိုင်နက် အပြစ်တရားသည် အသက်ဝင်လာ၏။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကျွန်ုပ်လိုက်နာရန် ကြိုးပမ်းသောအခါ ထိုပညတ်တရားသည် ကျွန်ုပ်ကို သေစေခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပညတ်တရား၌ သေလူဖြစ်ပြီး ဘုရားသခင်အတွက် အသက်ရှင်နိုင်ရန် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို လိုက်နာရန် မကြိုးပမ်းတော့ပေ။
လူတိုင်းကို မှန်ကန်သင့်လျော်စွာ တုံ့ပြန်ပြောဆိုနိုင်ရန် သင်တို့ပြောသောစကားသည် နားဝင်ချိုပြီး နှစ်လိုဖွယ်ဖြစ်ပါစေ။