သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ရှင်မာကု 12:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများက ယေရှုသည် မိမိတို့ကို ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့သောကြောင့် ကိုယ်တော်ထံမှ ထွက်သွားကြ၏။ Common Language Bible ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။ Garrad Bible သူ တို့ နှင့် စပ်၍ ထို ဥ ပ မာ ကို မိန့် တော် မူ ကြောင်း သိ မြင် သည် နှင့် ဖမ်း ဆီး ရန် ရှာ ကြံ သော် လည်း၊ လူ ပ ရိ သတ် ကို ကြောက် ရွံ့ သ ဖြင့် အ ထံ တော် မှ ထွက် သွား ကြ ၏။ Judson Bible ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။ မြန်မာ ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။ |
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် ထိုအကြောင်းကို ကြားကြသောအခါ ကိုယ်တော်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြ၏။ သို့သော် လူထုပရိသတ်အပေါင်းတို့သည် ကိုယ်တော်၏ သွန်သင်ချက်ကို အလွန်အံဩကြသောကြောင့် သူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ဂျေရုဆလင်မြို့သား တချို့က “ငါတို့ခေါင်းဆောင်များ သတ်ရန် ရှာကြံနေကြသောသူမှာ ဤသူ မဟုတ်လော။
ထိုအခါ ဂျူးခေါင်းဆောင်များသည် ယေရှုကို ဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော်လည်း ယေရှု၏အချိန် မကျရောက်သေးသောကြောင့် မည်သူမျှ မဖမ်းဆီးကြပေ။