သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 11:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုကို ဖြေဆိုကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားပြောမည်မဟုတ်” ဟု ထိုသူတို့ကို မိန့်တော်မူ၏။ Common Language Bible သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။ ထိုအခါသခင်ယေရှုက ``ထိုနည်းတူဤအမှု အရာများကိုအဘယ်အခွင့်အာဏာနှင့်ငါပြု သည်ကိုငါမပြော'' ဟုမိန့်တော်မူ၏။ Garrad Bible ထို အ ခါ ယေ ရှု က ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ လည်း ပြော မည် မ ဟုတ် ဟု မိန့် တော် မူ၏။ Judson Bible အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။ မြန်မာ အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။ |
သူတို့ဘာသာ ရှိပါစေ။ ထိုသူတို့သည် မျက်မမြင်တို့ကို လမ်းပြသောမျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြပါက နှစ်ဦးလုံး တွင်းထဲသို့ကျလိမ့်မည်” ဟု မိန့်တော်မူ၏။
ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ကြွတော်မူ၏။
ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှုအား ဖြေဆိုကြ၏။ ထိုအခါ ယေရှုက “ငါသည်လည်း မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းကို သင်တို့အားမပြောနိုင်” ဟု ထိုသူတို့အား မိန့်တော်မူ၏။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင်လည်း မဖြစ်” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ သူတို့သည် လူထုပရိသတ်ကို ကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့က ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်ကြောင်း ယုံကြည်ထားကြ၏။
ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။
ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ ဓမ္မဆရာဖြစ်လျက်နှင့်ပင် ဤအရာများကို နားမလည်သလော။
ထိုသူက “သင်တို့ကို ကျွန်ုပ် ပြောခဲ့ပြီ။ သို့သော် သင်တို့သည် နားမထောင်ကြ။ အဘယ်ကြောင့် ထပ်မံ ကြားလိုကြသနည်း။ သင်တို့သည်လည်း သူ၏ တပည့်ဖြစ်လိုကြသလော” ဟု ဆိုလေ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
ယနေ့တိုင်အောင်ပင် မောရှေ၏ ကျမ်းစာကို ဖတ်ကြသောအခါတိုင်းတွင် သူတို့၏ စိတ်နှလုံးသည် ထိုပဝါဖြင့် ဖုံးအုပ်ခံရဆဲဖြစ်လျက် နားမလည်နိုင်ဘဲရှိကြ၏။