“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေးသည့် ကြိုးချည်ထားသောမြည်းကလေးတစ်ကောင်ကို တွေ့မြင်ရလိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
ရှင်မာကု 11:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ဦးက သင်တို့ကို ‘အဘယ်ကြောင့် မြည်းကို ကြိုးဖြေကြသနည်း’ ဟု မေးလျှင် ‘သခင်အသုံးပြုလိုသောကြောင့်ဖြစ်၏။ ချက်ချင်းပြန်ပို့ပေးပါမည်’ ဟု ဖြေကြလော့” ဟူ၍ မိန့်မှာတော်မူ၏။ Common Language Bible ကြိုးဖြေ၍မြည်းကိုယူခဲ့ကြလော့။ အကယ်၍ လူတစ်စုံတစ်ယောက်ကသင်တို့အား အဘယ်ကြောင့် မြည်းကြိုးကိုဖြေသနည်းဟုမေးလျှင် ထိုမြည်း ကိုအကျွန်ုပ်တို့သခင်အလိုရှိပါသည်။ ချက်ချင်း ပြန်ပို့ပေးပါလိမ့်မည်ဟုပြောကြလော့'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။ Garrad Bible အ ဘယ် ကြောင့် ထို သို့ ပြု သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ သည်။ ချက် ခြင်း ပြန် ပို့ တော် မူ မည့် အ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် သည့် အ တိုင်း၊ Judson Bible သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့် ဤသို့ပြုကြသနည်း’ဟု သင်တို့ကိုမေးလျှင် ‘သခင်ဘုရားအလိုရှိသည်။ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါလိမ့်မည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။ မြန်မာ သူတစ်ပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု သင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- |
“သင်တို့ရှေ့တွင်ရှိသော ရွာသို့သွားကြလော့။ ရွာထဲသို့ ဝင်လျှင်ဝင်ချင်း မည်သူမျှ မစီးဖူးသေးသည့် ကြိုးချည်ထားသောမြည်းကလေးတစ်ကောင်ကို တွေ့မြင်ရလိမ့်မည်။ ထိုမြည်းကို ကြိုးဖြေ၍ ခေါ်ဆောင်လာကြလော့။
တပည့်တော်တို့သည် ထွက်သွား၍ လမ်းဘေး၌ အိမ်တံခါးအနီး ချည်ထားသောမြည်းကလေးကို တွေ့မြင်ကြ၏။
ထိုသူသည် သင်တို့အား ခင်းကျင်းထားသော အိမ်အပေါ်ထပ်ခန်းမကြီးကို ပြလိမ့်မည်။ ထိုအခန်းတွင် ပြင်ဆင်ကြလော့” ဟု မိန့်တော်မူ၏။
ထိုမှတစ်ဖန် သူတို့က “အို သခင်ဘုရား… သခင်သည် လူအပေါင်းတို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ ယုဒသည် မိမိနှင့်ထိုက်သောနေရာသို့ သွားရန် တမန်တော်ရာထူးကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤအမှုတော်လုပ်ငန်းနှင့် သူ၏တာဝန်ကို ဆက်ခံရန် သခင်ဘုရားသည် ဤသူနှစ်ဦးထဲမှ မည်သူ့ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထိုနည်းတူ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လိုအပ်တော်မမူသောကြောင့် လူ့လက်ဖြင့် လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူရန်မလိုပေ။ ထိုအရှင်သည် လူအပေါင်းတို့အား အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာအားလုံးကို ပေးတော်မူသောဘုရားဖြစ်၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို သင်တို့သိကြ၏။ ကိုယ်တော်သည် ချမ်းသာသော်လည်း သင်တို့၏ အကျိုးကိုထောက်၍ ဆင်းရဲခံတော်မူ၏။ ထိုသို့ဆင်းရဲခံတော်မူခြင်းမှာ သင်တို့ ချမ်းသာလာစေရန် ဖြစ်၏။