တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
ရှင်မာကု 10:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့က သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။ Common Language Bible လူတို့ကသူ့အားဆိတ်ဆိတ်နေရန်ငေါက်ငမ်း ပြောဆိုကြ၏။ သို့သော်လည်းသူသည် ``ဒါဝိဒ် ၏သားတော်ယေရှု၊ အကျွန်ုပ်ကိုသနားတော် မူပါ'' ဟုပို၍ပင်ဟစ်အော်လေ၏။ Garrad Bible ဆိတ် ဆိတ် နေ စေ ရန် လူ အ များ တို့ ဆုံး မ ကြ သော် လည်း ဒါ ဝိဒ် မင်း သား တော် သ နား တော် မူ ပါ ဟု တိုး ၍ အော် ဟစ် လေ၏။ Judson Bible ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- မြန်မာ့စံမီသမ္မာကျမ်း လူအများတို့သည် သူ့ကို တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူသည် “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကိုသနားတော်မူပါ”ဟု ပို၍အော်ဟစ်လေ၏။ မြန်မာ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအများတို့သည် ငေါက်၍ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်လေသော်၊- |
တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများအပေါ် ကိုယ်တော်၏လက်တော်တင်၍ ဆုတောင်းပေးစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
လူထုက ထိုသူတို့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူတို့က “ဒါဝိဒ်မင်း၏ သားတော် သခင်… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ပို၍အော်ဟစ်ကြ၏။
ယေရှုသည် ထိုနေရာမှ ထွက်ကြွတော်မူစဉ် မျက်မမြင်နှစ်ယောက်က “ဒါဝိဒ်မင်း၏သားတော် ယေရှု၊ အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ဟစ်အော်လျက် နောက်တော်သို့ လိုက်ကြ၏။
တစ်နေ့တွင် အချို့မိဘများသည် မိမိတို့၏သားသမီးများကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် ထိုသူတို့ကို ဟန့်တားကြ၏။
ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးယာဣရုအိမ်မှ လူတချို့သည် ရောက်လာ၍ ယာဣရုအား “အရှင့်သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို အဘယ်ကြောင့် နှောင့်ယှက်တော့မည်နည်း” ဟု ဆိုကြ၏။
ရှေ့တွင်သွားသောသူများက သူ့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူသည် ပို၍ကျယ်သောအသံဖြင့် “ဒါဝိဒ်မင်း၏သားတော် ယေရှု… အကျွန်ုပ်ကို သနားတော်မူပါ” ဟု အော်ဟစ်လေ၏။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။