ယေရှုက “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ မကောင်းမြတ်ပါ။
ရှင်မာကု 10:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘လူ့အသက် မသတ်နှင့်။ သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ လှည့်စားလိမ်ယူခြင်း မပြုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။ Common Language Bible သူ့အိမ်ရာကိုမပြစ်မှားနှင့်၊ သူ့ဥစ္စာကိုမခိုး နှင့်၊ မမှန်သောသက်သေကိုမခံနှင့်၊ လိမ်လည် လှည့်စားမှုကိုမပြုနှင့်၊ မိဘကိုရိုသေမြတ် နိုးလော့ဟူသောပညတ်တော်များကိုသင်သိ သည်မဟုတ်လော'' ဟုမိန့်တော်မူ၏။ Garrad Bible သူ့ အ သက် ကို မ သတ် နှင့်။ သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်။ သူ့ ဥ စ္စာ ကို မ ခိုး နှင့်။ မု သာ သက် သေ မ ခံ နှင့်။ လိမ် လည် ခြင်း မ ပြု နှင့်။ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊ Judson Bible သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ‘လူမသတ်ရ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ၊ မခိုးယူရ၊ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ၊ လိမ်ညာလုယူခြင်းမပြုရ၊ သင်၏မိခင်နှင့်ဖခင်တို့ကိုရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိ၏”ဟု မိန့်တော်မူ၏။ မြန်မာ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့် မသိမ်းနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- |
ယေရှုက “ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှ မကောင်းမြတ်ပါ။
‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် “သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက်ကို မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ သူတစ်ပါးဥစ္စာကို မတပ်မက်နှင့်” ဟူသော ပညတ်ချက်များနှင့် အခြားပညတ်တို့၏ အနှစ်ချုပ်မှာ “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ဖြစ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ပညတ်တရား၌ပါသောပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မဟုတ်။ ပညတ်တရားသည် ကျွန်ုပ်တို့မည်မျှ အပြစ်ရှိကြောင်းကို သိရန်သာ ဖော်ပြ၏။
ပညတ်တရားလက်အောက်၌ နေလိုသောသူတို့… ကျွန်ုပ်မေးပါမည်။ ပညတ်တရား၌ မည်သို့ဆိုထားသည်ကို နားမလည်ကြသလော။
အဘယ်ကြောင့်ဆိုသော် “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာလျှင် ပညတ်တရားအားလုံးကို လိုက်နာရာရောက်သောကြောင့် ဖြစ်၏။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
“သူတစ်ပါးသားမယားကို မပြစ်မှားနှင့်” ဟု ပညတ်တော်မူသောအရှင်က “လူ့အသက်ကို မသတ်နှင့်” ဟူ၍လည်း ပညတ်တော်မူသေး၏။ ထို့ကြောင့် သင်သည် သူတစ်ပါးသားမယားကို မပြစ်မှားသော်လည်း လူ့အသက်ကို သတ်လျှင် ပညတ်တရားကို ချိုးဖောက်သူဖြစ်၏။