သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ရောမ 9:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အိုးလုပ်သူသည် ရွှံ့ဖြင့် အိုးကို ပြုလုပ်သောအခါ ထိုရွှံ့တုံး တစ်ခုတည်းမှ အိုးကောင်း၊ အိုးညံ့ စသဖြင့် ပြုလုပ်ပိုင်ခွင့်ရှိသည် မဟုတ်လော။ Common Language Bible အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။ Garrad Bible အိုး ထိန်း သည် မြေ စေး တစ် ပုံ ထဲ မှ အိုး ယုတ် အိုး မြတ် လုပ် နိုင် ရန် မြေ စေး ပေါ် တွင် အ ခွင့် မ ရှိ လော။ Judson Bible အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း အိုးထိန်းသည်သည် ရွှံ့စေးတစ်ပုံတည်းထဲမှ အသရေရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း၊ အသရေမရှိသောအရာအတွက်သုံးရန် အိုးခွက်ကိုလည်းကောင်း လုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ |
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
သို့သော် ထိုသားနှစ်ဦး မမွေးမီနှင့် ထိုသားနှစ်ဦး အဆိုးအကောင်းတို့ကို မပြုမီကပင် ဘုရားသခင်သည် ရေဗက္ကအား “သင်၏ သားကြီးသည် သားငယ်ထံ၌ အစေခံလိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤစကားတော်ကို ထောက်၍ ဘုရားသခင်သည် မိမိအကြံအစည်တော်အတိုင်း လူများကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့သိရ၏။ ထိုသို့ ရွေးချယ်ရာတွင် ဘုရားသခင်သည် လူတို့၏ အကျင့်သီလအဆိုးအကောင်းအပေါ် မူတည်၍ ရွေးချယ်တော်မမူပေ။
ထို့ကြောင့် ဘုရားသခင်သည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
သို့သော် သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ဝေဖန်မည်နည်း။ ပုံသွင်းခံရသောအရာက ပုံသွင်းသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ဖန်ဆင်းသနည်း” ဟု မေးသင့်သလော။