ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
ရောမ 9:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ဘုရားသခင်က ဖာရောဘုရင်အား “သင့်ကို ဘုရင်အဖြစ် ခန့်အပ်သော ရည်ရွယ်ချက်မှာ ငါ့တန်ခိုးကို ပြရန်အတွက်နှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ငါ့အမည်နာမ ကျော်စောရန်အတွက် ဖြစ်၏” ဟု မိန့်တော်၏။ Common Language Bible ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။- Garrad Bible ဖာ ရော မင်း အား လည်း သင်၌ ငါ့ တန် ခိုး ကို ပြ ခြင်း ငှါ လည်း ကောင်း၊ ငါ့ နာ မ ကို မြေ တစ် ပြင် လုံး နှံ့ ကြေ ညာ စေ ခြင်း ငှါ လည်း ကောင်း၊ သင့် ကို ငါ ပေါ် ထွန်း စေ ခဲ့ ပြီ ဟု ကျမ်း ဆို ရှိ သည် နှင့် အ ညီ၊ Judson Bible ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကျမ်းစာ၌ ဖာရောဘုရင်အား “သင့်ကို ငါချီးမြှောက်ခြင်းမှာ သင်၌ ငါ့တန်ခိုးကိုပြသ၍ ကမ္ဘာမြေတစ်ဝန်းလုံးတွင် ငါ၏နာမကို ကျော်ကြားစေရန်ဖြစ်၏”ဟု ဆိုထား၏။ |
ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
သို့သော် ဘုရားသခင်သည် ဧလိယအား မည်သို့ပြန်၍ မိန့်တော်မူသနည်း။ ဘုရားသခင်က “သင်တစ်ဦးတည်း မဟုတ်ပါ။ ဗာလဘုရားကို ဦးမချမကိုးကွယ်သော အခြားလူ ခုနစ်ထောင်ကို ငါ့အတွက် ချန်ထားပြီ” ဟု ဖြေတော်မူ၏။
သို့သော် လူအပေါင်းတို့သည် အပြစ်၏ ချုပ်နှောင်မှုအောက်၌ ကျရောက်လျက်ရှိကြောင်း ကျမ်းစာတွင် ဖော်ပြထား၏။ ဤသည်မှာ ဘုရားသခင်သည် ယေရှုခရစ်တော်ကို ယုံကြည်သောသူတို့အား မိမိကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကို ပေးသနားတော်မူရန် ဖြစ်၏။
ကျမ်းစာ၌ ဘုရားသခင်သည် လူမျိုးခြားတို့အား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူမည်ဖြစ်ကြောင်း ကြိုတင်သိမြင်တော်မူသည်ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံအား “လူမျိုးအပေါင်းတို့သည် သင့်ထံမှတစ်ဆင့် ကောင်းချီးမင်္ဂလာ ခံစားရလိမ့်မည်” ဟူသော သတင်းကောင်းကို ကျမ်းစာ၌ ကြိုတင်ဟောပြောတော်မူ၏။
သို့သော် ကျမ်းစာ၌ မည်သို့ ဖော်ပြထားသနည်း။ “ကျွန်မနှင့် သူ၏ သားကို နှင်ထုတ်လော့။ ကျွန်မ၏ သားသည် လွတ်လပ်သောမိန်းမ၏ သားနှင့်အတူ အမွေခံဖြစ်မည်မဟုတ်” ဟု ဖော်ပြထား၏။