ရောမ 9:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် ကျေးဇူးပြုရန် ဆုံးဖြတ်ပိုင်ခွင့်ရှိသူသည် ဘုရားသခင်သာ ဖြစ်တော်မူ၏။ ကျွန်ုပ်တို့အနေနှင့် ရွေးချယ်ပိုင်ခွင့်မရှိသကဲ့သို့ လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြ။ အခန်းကိုကြည့်ပါ။Common Language Bible16 ထို့ကြောင့်ဘုရားသခင်၏ရွေးချယ်မှုသည် လူ၏အလိုဆန္ဒသို့မဟုတ်လူ၏ကြိုးစား အားထုတ်မှုအပေါ်တွင်မတည်။ ကိုယ်တော် ၏ကရုဏာတော်အပေါ်၌သာတည်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16 သ ဘော ထား သူ၊ လုံ့ လ ထုတ် သူ ကြောင့် မ ဟုတ်။ သ နား တော် မူ သော ဘု ရား သ ခင် ကြောင့် သာ တည်း။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ဤအရာသည် လူ၏အလိုဆန္ဒအပေါ်၌လည်းကောင်း၊ ကြိုးစားအားထုတ်မှုအပေါ်၌လည်းကောင်း မမူတည်ဘဲ ကရုဏာထားတော်မူသောဘုရားသခင်အပေါ်၌သာ မူတည်၏။ အခန်းကိုကြည့်ပါ။ |
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
သို့သော် ထိုသားနှစ်ဦး မမွေးမီနှင့် ထိုသားနှစ်ဦး အဆိုးအကောင်းတို့ကို မပြုမီကပင် ဘုရားသခင်သည် ရေဗက္ကအား “သင်၏ သားကြီးသည် သားငယ်ထံ၌ အစေခံလိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤစကားတော်ကို ထောက်၍ ဘုရားသခင်သည် မိမိအကြံအစည်တော်အတိုင်း လူများကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့သိရ၏။ ထိုသို့ ရွေးချယ်ရာတွင် ဘုရားသခင်သည် လူတို့၏ အကျင့်သီလအဆိုးအကောင်းအပေါ် မူတည်၍ ရွေးချယ်တော်မမူပေ။
ဤသို့သွားသည်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်အရ သွားခြင်းဖြစ်၏။ ထိုမြို့၌ ရှိစဉ် ခေါင်းဆောင်ဖြစ်သူများနှင့် သီးသန့်တွေ့ဆုံစည်းဝေးကာ လူမျိုးခြားတို့အား ဟောပြောခဲ့သောသတင်းကောင်းနှင့် ပတ်သက်၍ သူတို့ထံ တင်ပြခဲ့၏။ ဤသို့ တင်ပြရခြင်းမှာ ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ရသောအရာနှင့် ကြိုးစားအားထုတ်နေသောအရာတို့ကို အချည်းနှီး မဖြစ်စေလိုသောကြောင့် ဖြစ်၏။