ထိုလူငယ်က “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်အချက် လိုနေပါသေးသနည်း” ဟု လျှောက်ပြန်၏။
ရောမ 7:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ချိန်က ကျွန်ုပ်သည် ပညတ်တရားကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ကို သိရှိလာသည်နှင့် တစ်ပြိုင်နက် အပြစ်တရားသည် အသက်ဝင်လာ၏။ Common Language Bible ငါသည်တရားဥပဒေနှင့်ကင်းလျက်အသက် ရှင်ခဲ့သည့်အချိန်ရှိခဲ့ဖူး၏။ သို့သော်ပညတ် တော်ကိုငါသိရှိလာသည်နှင့်တစ်ပြိုင်နက် အပြစ်တရားသည်ရှင်သန်လာ၏။- Garrad Bible ပ ညတ် တ ရား ကင်း လျက် နေ စဉ် ငါ အ သက် ရှင် ရ သော် လည်း ပ ညတ် တော် ရောက် လာ သ ဖြင့် အ ပြစ် တ ရား ရှင်၍ ငါ သေ ရာ။ Judson Bible အထက်က ပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် တစ်ချိန်က ပညတ်တရားမပါဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်ရောက်လာသောအခါ အပြစ်သည် ပြန်လည်ရှင်သန်လာပြီး ငါမူကား သေဆုံးခဲ့သဖြင့် |
ထိုလူငယ်က “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်အချက် လိုနေပါသေးသနည်း” ဟု လျှောက်ပြန်၏။
သို့သော် သူသည် ဖခင်အား ‘ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အဖေ့အတွက် အလုပ်များ လုပ်ပေးခဲ့ပြီး အဖေ့စကား တစ်ခွန်းကိုမျှ မငြင်းခဲ့ပါ။ သို့သော်လည်း မိတ်ဆွေများနှင့်အတူ ပျော်ပွဲရွှင်ပွဲကျင်းပရန် အဖေသည် ကျွန်ုပ်အား ဆိတ်ငယ်ကလေးတစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။
ထိုသူကလည်း “အကျွန်ုပ်သည် ဤပညတ်တော်အားလုံးကို ငယ်စဉ်ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။
ပညတ်တရား၏ နည်းလမ်းအရ လူတစ်ဦးသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ထိုပညတ်အားလုံးကို လိုက်နာရမည်ဖြစ်ကြောင်း မောရှေရေးသားထား၏။
ထိုအခါ ကျွန်ုပ်သည် သေရ၏။ ထို့ကြောင့် အသက်ရှင်စေရန် ရည်ရွယ်သော ထိုပညတ်တော်သည် သေစေသည်ကိုလည်း ကျွန်ုပ်တွေ့ရှိရ၏။
အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ ကျွန်ုပ်ကို လှည့်ဖြား၏။ ထိုပညတ်တော်ကို အသုံးပြု၍ ကျွန်ုပ်ကို သေစေ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ခရစ်တော်နှင့်အတူ သေသဖြင့် ပညတ်တရားအောက်၌ အသက်ရှင်ရသောဘဝကိုလည်း အဆုံးသတ်ပြီဖြစ်၏။ ယခု သင်တို့သည် ဘုရားသခင်အတွက် ကောင်းသောအကျင့်ကို ကျင့်နိုင်ရန် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော အရှင်နှင့် တပေါင်းတစည်းတည်းဖြစ်ကြ၏။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
သို့သော် အပြစ်တရားသည် ထိုပညတ်တော်ကို အခွင့်ကောင်းယူ၍ ကျွန်ုပ်၏ စိတ်အတွင်း၌ တပ်မက်စိတ်အမျိုးမျိုးကို ဖြစ်ပေါ်စေ၏။ ပညတ်တရားမရှိလျှင် အပြစ်တရားသည် သေလျက်နေ၏။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူသည် ဘုရားသခင်၏ ပညတ်တရားကို မလိုက်နာ။ လိုက်နာနိုင်စွမ်းလည်း မရှိ။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို ကျွန်ုပ်လိုက်နာရန် ကြိုးပမ်းသောအခါ ထိုပညတ်တရားသည် ကျွန်ုပ်ကို သေစေခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ပညတ်တရား၌ သေလူဖြစ်ပြီး ဘုရားသခင်အတွက် အသက်ရှင်နိုင်ရန် ပညတ်တရား၏ ပြဋ္ဌာန်းချက်များကို လိုက်နာရန် မကြိုးပမ်းတော့ပေ။
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။