Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရော​မ 7:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 သို့သော် အပြစ်တရား​သည် ထို​ပညတ်တော်​ကို အခွင့်ကောင်း​ယူ​၍ ကျွန်ုပ်​၏ စိတ်အတွင်း​၌ တပ်မက်စိတ်​အမျိုးမျိုး​ကို ဖြစ်ပေါ်စေ၏။ ပညတ်တရား​မရှိ​လျှင် အပြစ်တရား​သည် သေ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ပ ညတ် တ ရား မ ရှိ စဉ် သေ လျက် နေ ရ သော အ ပြစ် တ ရား ကား ပ ညတ် တော် ကြောင့် အ ခွင့် ရ သည့် အ လျောက် တပ် မက် ခြင်း အ မျိုး မျိုး ကို ငါ၌ ပြု ပြင် ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​ပြစ်​တ​ရား​သည် ပ​ညတ်​တ​ရား​အား​ဖြင့် အ​ခွင့်​ရ၍၊ ငါ၌ အ​မျိုး​မျိုး​သော လော​ဘ​တို့​ကို ဖြစ်​စေ၏။ ပ​ညတ်​တ​ရား​မ​ရှိ​လျှင်၊ အ​ပြစ်​တ​ရား​သေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သို့သော် အပြစ်​သည် ပညတ်​တော်​အားဖြင့် အခွင့်​ရ​ကာ ငါ​၌ တပ်မက်​ခြင်း​မျိုးစုံ​ကို ဖြစ်ပေါ်​စေ​၏။ တစ်နည်းဆိုသော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​သည် အသေ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 7:8
12 ပူးပေါင်းရင်းမြစ်များ  

အပြစ်တရား​သည် ပညတ်တော်​အားဖြင့် အခွင့်ကောင်း​ယူ​၍ ကျွန်ုပ်​ကို လှည့်ဖြား၏။ ထို​ပညတ်တော်​ကို အသုံးပြု​၍ ကျွန်ုပ်​ကို သေစေ၏။


သေမင်း​၏ အစွယ်​သည် အပြစ်​ဖြစ်၏။ အပြစ်​သည် ပညတ်တရား​မှ တန်ခိုး​ကို ရရှိ၏။


ပညတ်တရား​ကို မနာခံသော​သူတို့​သည် ပြစ်ဒဏ်ပေးခြင်း​ခံရ၏။ ပညတ်တရား​မရှိ​လျှင်မူ ချိုးဖောက်စရာ​လည်း မရှိပေ။


သို့ဖြစ်လျှင် ထို​ကောင်းမြတ်သော​အရာ​သည် ကျွန်ုပ်​ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်​ကို သေ​စေသော​အရာ​မှာ အပြစ်တရား​ပင် ဖြစ်၏။ အပြစ်တရား​သည် ၎င်း​၏ သဘောသဘာဝ​ကို ဖော်ပြ​ရန် ကောင်းမြတ်သော​အရာ​ကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရား​သည် မည်မျှ​ဆိုးရွားသည်​ကို ပညတ်တော်​အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။


လူတို့​အနေဖြင့် မိမိတို့​မည်မျှ​အပြစ်​များကြောင်း သိမြင်လာကြ​ရန် ဘုရားသခင်​သည် ပညတ်တရား​ကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့​ပို၍ အပြစ်ကျူးလွန်​လေ ဘုရားသခင်​၏​ကျေးဇူးတော်​သည် ပို၍ ကြွယ်ဝ​လေ​ဖြစ်၏။


ငါ​သည် လာ​၍ ထို​သူတို့​ကို မဟောပြောခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် သူတို့​၏​အပြစ်များ​အတွက် ဆင်ခြေ​မပေးနိုင်တော့ပေ။


ထို့ကြောင့် ထို​အပြုအမူ​ကို ပြုနေသူ​မှာ ကျွန်ုပ်​မဟုတ်ဘဲ ကျွန်ုပ်​အထဲ​၌ ကိန်းအောင်းနေသော အပြစ်တရား​က ပြုနေခြင်း​ဖြစ်၏။


ငါ​သည် သူတို့​ရှေ့​တွင် မည်သူမျှ​မပြုနိုင်​သည့် နိမိတ်​လက္ခဏာများ​ကို မပြုဘဲ​နေခဲ့​လျှင် သူတို့​၌ အပြစ်​ရှိမည်​မဟုတ်။ ယခု​မှာမူ သူတို့​သည် ငါ​ပြုသည့် နိမိတ်​လက္ခဏာများ​ကို တွေ့မြင်​လျက်​နှင့် ငါ့​ကိုလည်းကောင်း၊ ငါ့​ခမည်းတော်​ကိုလည်းကောင်း မုန်းကြ၏။


သူတစ်ပါး​သားမယား​ကို​ပြစ်မှားခြင်း၊ လောဘ​လွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်​လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကား​ပြောဆိုခြင်း၊ မာန​ထောင်လွှားခြင်း​နှင့် ပညာမဲ့ခြင်း၊


ထို့ကြောင့် ပညတ်တရား​၌​ပါသော​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာ​ကျင့်သုံးခြင်း​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခြင်း​ခံရမည်​မဟုတ်။ ပညတ်တရား​သည် ကျွန်ုပ်တို့​မည်မျှ အပြစ်​ရှိကြောင်း​ကို သိ​ရန်သာ ဖော်ပြ၏။


တစ်ချိန်က ကျွန်ုပ်​သည် ပညတ်တရား​ကို နားမလည်ဘဲ အသက်ရှင်ခဲ့၏။ သို့သော် ပညတ်တော်​ကို သိရှိလာသည်​နှင့် တစ်ပြိုင်နက် အပြစ်တရား​သည် အသက်​ဝင်လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ