ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ရောမ 7:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏စိတ်နှလုံးအတွင်း၌ ကျွန်ုပ်သည် ဘုရားသခင်၏ ပညတ်တရားကို နှစ်သက်၏။ Common Language Bible ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။- Garrad Bible အ ဇ္စျ တ္ထ လူ့ အ လို အ တိုင်း ဘု ရား သ ခင် ပ ညတ် တ ရား၌ မွေ့ လျော် လျက် ပင်။ ငါ့ စိတ် သ ဘော၌ ရှိ သော တ ရား ကို တိုက် လှန်၍၊ Judson Bible ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း |
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ဂျူးလူမျိုးအစစ်အမှန်မှာ ဘုရားသခင်ရှေ့တော်တွင် အတွင်းစိတ်နှလုံးမှန်ကန်သောသူဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်းမင်္ဂလာသည်လည်း စာဖြင့်ရေးထားသောပညတ်တရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး၌အရေပြားလှီးခြင်းဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှလာသော ချီးမွမ်းခြင်းကိုခံရ၏။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် ဘုရားသခင်ကို အစဉ် ဆန့်ကျင်၏။ ထိုသို့ စွဲလမ်းသောသူသည် ဘုရားသခင်၏ ပညတ်တရားကို မလိုက်နာ။ လိုက်နာနိုင်စွမ်းလည်း မရှိ။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
ဘုရားသခင်၏ ဘုန်းတော် ကြွယ်ဝသည်နှင့်အညီ သင်တို့၏ အတွင်းစိတ်ကို ဝိညာဉ်တော်မှတစ်ဆင့် တန်ခိုးတော်ဖြင့် ကြံ့ခိုင်သန်မာစေတော်မူရန် ဆုတောင်း၏။
အချင်းချင်း မလိမ်လည်ကြနှင့်။ သင်တို့သည် လူဟောင်းနှင့် ၎င်း၏ အကျင့်များကို ဖယ်ရှားပြီဖြစ်၍
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
နူးညံ့သိမ်မွေ့ခြင်း၊ တည်ငြိမ်ခြင်းဖြစ်သည့် မပျက်စီးနိုင်သောအတွင်းစိတ်အလှတရားများဖြင့်သာ အလှဆင်ကြလော့။ ဤအရာသည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးတန်၏။