ထို့နောက် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဂျော်ဒန်မြစ်မှ ပြန်လာသောအခါ ဝိညာဉ်တော်ဦးဆောင်သည့်အတိုင်း တောကန္တာရသို့ ကြွတော်မူ၏။
ရောမ 7:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ကောင်းသောအပြုအမူကို ပြုလိုသော ကျွန်ုပ်၌ မကောင်းသောအပြုအမူ ရှိနေသည်ဟူသော သဘောတရားကို ကျွန်ုပ်တွေ့ရ၏။ Common Language Bible သို့ဖြစ်၍ငါတွေ့ရှိရသောသဘောတရားမှာ ငါသည်အကျင့်ကောင်းကိုကျင့်လိုသောအခါ အကျင့်ဆိုးကိုသာကျင့်နိုင်ခြင်းဖြစ်သည်။- Garrad Bible သို့ ဖြစ်၍ အ ကောင်း ပြု ရန် သ ဘော ရှိ သော် လည်။ အ ဆိုး ဘက် စပ် လျက် နေ သော တ ရား ကို ငါ တွေ့ သည် မှာ၊ Judson Bible ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကောင်းသောအမှုကိုပြုလိုသောငါ၌ မကောင်းသောအမှုရှိနေသည်ဟူသောသဘောတရားကို ငါတွေ့၏။ |
ထို့နောက် ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဂျော်ဒန်မြစ်မှ ပြန်လာသောအခါ ဝိညာဉ်တော်ဦးဆောင်သည့်အတိုင်း တောကန္တာရသို့ ကြွတော်မူ၏။
ထို့ကြောင့် အပြစ်ပြုလိုစိတ်နောက်သို့ မလိုက်မိစေရန် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာကို အပြစ်တရားအား အစိုးမရစေနှင့်။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
သို့သော်လည်း ကျွန်ုပ်၏စိတ်က နှစ်သက်သောသဘောတရားနှင့် ဆန့်ကျင်တိုက်ခိုက်နေသည့် အခြားသဘောတရားတစ်ခုသည် ကျွန်ုပ်အတွင်း၌ ရှိနေ၏။ ထိုသဘောတရားက ကျွန်ုပ်အတွင်း၌ ကိန်းအောင်းလျက် ရှိနေသေးသော အပြစ်တရား၏လက်အောက်သို့ ကျရောက်စေသည်ကို ကျွန်ုပ်မြင်ရ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှ၏။ ဤသို့ဖြင့် ကျွန်ုပ်၏စိတ်နှလုံးအတွင်း၌ ဘုရားသခင်၏ပညတ်တရားကို နာခံလိုသော်လည်း လူ့ဗီဇစိတ်အားဖြင့်မူ အပြစ်တရားကို နာခံလျက် နေရ၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။