သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘိုးဘေးများပြုသောအမှုများကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများလည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးများသည် ပရောဖက်များကို သတ်၍ သင်တို့က အုတ်ဂူများတည်ကြသောကြောင့်ဖြစ်၏။
ရောမ 7:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် မိမိကိုယ်တိုင်ပြုသော အပြုအမူကိုပင် နားမလည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိပြုလိုသောအပြုအမူကို မပြုဘဲ မိမိမုန်းတီးသော အပြုအမူကိုသာ ပြုသောကြောင့် ဖြစ်၏။ Common Language Bible မိမိကိုယ်တိုင်ပြုသည့်အမှုကိုပင်နားမလည်။ အဘယ်ကြောင့်ဆိုသော်မိမိပြုကျင့်လိုသည့် အတိုင်းမပြုကျင့်ဘဲ မိမိရွံမုန်းသည့်အမှု ကိုသာပြုသောကြောင့်ဖြစ်၏။- Garrad Bible ငါ သ ဘော မြတ် ရာ ကို မ ပြု ကျင့် ဘဲ ရွံ ရှာ ရာ ကို ပြု ရ သည် မှာ ပြု လျက် နေ သော အ ရာ ကို နား မ လည် လေ စွ။ Judson Bible အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသော အကျင့်ကို ကျင့်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။ |
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘိုးဘေးများပြုသောအမှုများကို သဘောတူထောက်ခံ၍ ထိုအမှုတို့၏သက်သေများလည်း ဖြစ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုဘိုးဘေးများသည် ပရောဖက်များကို သတ်၍ သင်တို့က အုတ်ဂူများတည်ကြသောကြောင့်ဖြစ်၏။
ယခုမှစ၍ သင်တို့ကို ‘ကျွန်’ ဟူ၍ ငါခေါ်တော့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်သည် မိမိသခင် လုပ်ဆောင်နေသောအရာကို မသိပေ။ ငါကမူ ခမည်းတော်ပြောပြသမျှကို သင်တို့အား အကုန်အစင်ပြော၏။ ထို့ကြောင့် ယခု သင်တို့ကို ‘မိတ်ဆွေ’ ဟူ၍ ငါခေါ်ပြီ။
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
သင်ပြုသောအမှုကိစ္စနှင့်ပတ်သက်၍ အမှားမရှိဟု သင်ယုံကြည်လျှင်လည်း ထိုယုံကြည်ခြင်းကို သင်နှင့် ဘုရားသခင်အကြား၌သာ ရှိစေလော့။ မိမိမှန်သည်ဟု လက်ခံထားသည့်အမှုကိစ္စကို ပြုလုပ်ခြင်းအတွက် အပြစ်မရှိဟု ခံစားရသောသူသည် မင်္ဂလာရှိ၏။
ထိုသို့ မိမိပြုသော အပြုအမူသည် မှားယွင်းကြောင်း ကျွန်ုပ်သိသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်သည်ဟု ကျွန်ုပ်သဘောတူခြင်းပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လူ့ဗီဇစိတ်သည် ဝိညာဉ်တော်နှင့် ဆန့်ကျင်သောအရာကို အလိုရှိ၍ ဝိညာဉ်တော်သည် လူ့ဗီဇစိတ်နှင့် ဆန့်ကျင်သောအရာကို အလိုရှိသောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်နှင့် ဝိညာဉ်တော်တို့သည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်လျက် ရှိသဖြင့် သင်တို့သည် မိမိအလိုဆန္ဒအတိုင်း မပြုနိုင်ကြပေ။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး တရားမဲ့ခြင်းကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဖော်များထက် ကိုယ်တော်ကို ချီးမြောက်ကာ ဝမ်းမြောက်ခြင်းဆီသွန်းလောင်း၍ ခန့်ထားတော်မူသည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။
အချို့သောသူတို့ကို မီးထဲမှ ဆွဲထုတ်၍ ကယ်ကြလော့။ လူ့ဗီဇစိတ်၏ အညစ်အကြေးစွန်းထင်းနေသည့် သူတို့၏အဝတ်ကိုပင် ရွံမုန်း၍ ကြောက်ရွံ့သောစိတ်နှင့် သူတို့ကို သနားကြလော့။