ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
ရောမ 6:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ပေါင်းစည်းလျက် အသေခံခဲ့ပြီးဖြစ်လျှင် ခရစ်တော်ကဲ့သို့ အသက်ရှင်ထမြောက်ကြရမည်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်လျက်သေကြပါမူ ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ငါတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် သေခြင်းမှရှင်ပြန်ထမြောက်ကြ မည်ဖြစ်သောကြောင့်တည်း။- Garrad Bible သေ တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ သည် မှန် လျှင် သေ လွန် ခဲ့ သူ သည် အ ပြစ် နှင့် တ ရား သေ လွတ် ပြီး သည့် အ လျောက် အ ပြစ် တ ရား တည် ရာ ခ န္ဓာ ပျက် သ ဖြင့် ထို တ ရား အောက် ဆက် လက် ကျွန် မ ခံ ရ စေ ရန် ငါ တို့၏ လူ ဟောင်း ကို ကိုယ် တော် နှင့် တ ကွ ကား တင် ကြောင်း သိ မှတ် သော ငါ တို့ သည် ရှင် ပြန် ထ မြောက် တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ ကြ ရ လိမ့် မည်။ Judson Bible တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် ခရစ်တော်၏အသေခံတော်မူခြင်းနှင့်တူညီသောသဏ္ဌာန်၌ ကိုယ်တော်နှင့်အတူပေါင်းစည်းကြသည်ဆိုလျှင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသဏ္ဌာန်ကိုလည်း ဧကန်အမှန်ဆောင်ကြလိမ့်မည်။ |
ယေရှုက “ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော် မစိုက်ပျိုးသောအပင်ရှိသမျှတို့သည် အမြစ်မှနုတ်ယူခြင်းခံရလိမ့်မည်။
သင်တို့အား ငါအမှန်ဆို၏။ ဂျုံစေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် အစေ့တစ်စေ့တည်းအဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီးလျှင် ဂျုံစေ့များစွာကို ဖြစ်ထွန်းစေတတ်၏။
ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံရခြင်းအားဖြင့် ယေရှုအသေခံတော်မူခြင်းကို ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် အစဉ်ဆောင်ထားကြသည်မှာ ယေရှုအသက်ရှင်တော်မူခြင်းကို ကိုယ်ခန္ဓာတွင် ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။