သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ရောမ 6:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။ Common Language Bible သို့ဖြစ်၍ငါတို့သည်ပညတ်တရား၏လက် အောက်၌မရှိတော့ဘဲ ကျေးဇူးတရား၏လက် အောက်၌ရှိကြသဖြင့်အပြစ်ကူးကြကုန် အံ့ဟုဆိုကြမည်လော။ ထိုသို့မဆိုရ။- Garrad Bible သို့ ဖြစ် လျှင် မည် သို့ နည်း။ ပ ညတ် တ ရား အောက်၌ မ ဟုတ်။ ကျေး ဇူး တ ရား အောက်၌ ရှိ သော ကြောင့် ငါ တို့ ပြစ် မှား လျက် နေ ရ ကြ မည် လော။ Judson Bible ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။ |
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့ဂျူးလူမျိုးသည် အခြားလူမျိုးတို့ထက် သာလွန်ကောင်းမွန်သည်ဟု ဆိုနိုင်မည်လော။ ထိုသို့ လုံးဝ မဆိုနိုင်ပါ။ ဂျူးလူမျိုးဖြစ်စေ လူမျိုးခြားဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားလက်အောက်၌ရှိကြောင်းကို အထက်က ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။