သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
ရောမ 3:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။ Common Language Bible ``ဘုရားသခင်သည်မတရား'' ဟုအဘယ် နည်းနှင့်မျှမဆိုနိုင်။ အကယ်၍ကိုယ်တော် သည်မတရားပါမူ အဘယ်သို့လျှင်ကမ္ဘာ လောကကိုတရားစီရင်တော်မူနိုင်မည် နည်း။ Garrad Bible ထို သို့ မ ဖြစ် စေ ရာ။ ဖြစ် ခဲ့ မူ ဘု ရား သ ခင် သည် ဤ လော က ကို မည် သို့ စီ ရင် ဆုံး ဖြတ် တော် မူ နိုင် အံ့ နည်း။ Judson Bible ထိုသို့မဟုတ်ရာ။ ဟုတ်လျှင် လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။- မြန်မာ့စံမီသမ္မာကျမ်း လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။ |
သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိခန့်အပ်သော အရှင်အားဖြင့် လောကကို မှန်ကန်စွာ တရားစီရင်ရန် နေ့တစ်နေ့ကို သတ်မှတ်ထားတော်မူသောကြောင့်ဖြစ်၏။ ထိုအရှင်ကိုလည်း သေရာမှ ထမြောက်စေတော်မူခြင်းဖြင့် ထိုသို့ဖြစ်မည့်အကြောင်းကို ကျွန်ုပ်တို့အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။