ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ရောမ 2:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အရေပြားလှီးခြင်းမင်္ဂလာကိုမခံယူသော လူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာကျင့်သုံးပါက သူတို့၏ အရေပြားမလှီးခြင်းကို အရေပြားလှီးခြင်းအဖြစ် ဘုရားသခင်မှတ်ယူတော်မူမည်မဟုတ်လော။ Common Language Bible အကယ်၍အရေဖျားလှီးခြင်းမင်္ဂလာမခံသူ လူမျိုးခြားတစ်ယောက်သည် ပညတ်တရား ပြဋ္ဌာန်းချက်များကိုထိန်းသိမ်းလိုက်လျှောက် ပါမူ ထိုသူအားဘုရားသခင်သည်အရေ ဖျားလှီးမင်္ဂလာခံသူကဲ့သို့မှတ်ယူတော်မူ မည်မဟုတ်လော။- Garrad Bible သို့ မှန် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သူ သည် ပ ညတ် တော် ပြ ဌာန်း ချက် များ ကို စောင့် ရှောက် က သူ့ မင်္ဂ လာ မဲ့ ခြင်း ကို ခံ ခြင်း ကဲ့ သို့ မှတ် ယူ ရ မည့် ပြင်၊ Judson Bible ထိုမှတစ်ပါး၊ အရေဖျားလှီးခြင်းကို မခံသောသူသည် တရား၌ပါသောပညတ်တို့ကို စောင့်ရှောက်လျှင်၊ ထိုသူ၏ အရေဖျားမလှီးဘဲအဖြစ်ကို အရေဖျားလှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။ |
ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
သင်သည် ပညတ်ကျမ်းနှင့် အရေပြားလှီးခြင်းမင်္ဂလာကို ရရှိခံယူထားလျက်နှင့် ထိုပညတ်တရားကိုချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း ပညတ်တရားကို လိုက်နာကျင့်သုံးသောလူမျိုးခြားတို့သည် သင်တို့ကို အပြစ်တင်ကြလိမ့်မည်။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
ထိုသို့ပြုတော်မူခဲ့ခြင်းမှာ လူ့ဗီဇစိတ်အလိုအတိုင်း ပြုမူမနေထိုင်တော့ဘဲ ဝိညာဉ်တော်၏ အလိုအတိုင်း အသက်ရှင်သော ကျွန်ုပ်တို့သည် ပညတ်တရား၏ ပြဋ္ဌာန်းချက်တို့ကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
သင်တို့သည် လူမျိုးခြားများအဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများက သင်တို့ကို အရေပြားမလှီးသောသူများဟု ခေါ်ကြ၏။ ထိုသူတို့သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသူများဟု ခေါ်ကြ၏။ ထိုသူတို့၏ အရေပြားလှီးခြင်းသည် ကိုယ်ခန္ဓာပေါ်တွင် လူ့လက်ဖြင့် ပြုလုပ်သော အရာသာ ဖြစ်၏။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောကြောင့် လူ့လက်ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်းကို ခံယူကြ၏။ ခရစ်တော်သည် သင်တို့၏ လူ့ဗီဇစိတ် အပြစ်ကို ဖယ်ရှားပြီး