ယေရှုက “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား မိန့်တော်မူ၏။
ရောမ 2:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သူတစ်ပါးကို သွန်သင်လျက်နှင့် သင့်ကိုယ်သင် မသွန်သင်သလော။ မခိုးယူရဟု ဟောပြောလျက်နှင့် ကိုယ်တိုင်ခိုးယူသလော။ Common Language Bible သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။- Garrad Bible ကိုယ် ကို မ သင် ကြား လော။ သူ့ ဥစ္စာ ကို မ ခိုး ရ ဟု ဟော လျက် ကိုယ် တိုင် ခိုး သ လော။ Judson Bible သူတစ်ပါးကိုဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကို မခိုးနှင့်ဟု တရားဟောလျက်ပင် ကိုယ်တိုင်ခိုးသလော။- မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။ |
ယေရှုက “ကျမ်းစာတွင် ‘ငါ၏ အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဟု ခေါ်ဆိုရမည်’ ဟူ၍ ရေးသားထားသော်လည်း သင်တို့သည် အိမ်တော်ကို ဓားပြစခန်းဖြစ်စေကြပြီ” ဟု သူတို့အား မိန့်တော်မူ၏။
ယေရှုက “ကျမ်းတတ်ပညာရှင်တို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထမ်းရခက်သောဝန်ထုပ်များကို လူတို့အား ထမ်းစေကြသော်လည်း ကိုယ်တိုင်ကမူ ထိုအရာတို့ကို လက်ဖျားနှင့်မျှ မတို့ကြသောကြောင့်ဖြစ်၏။
မိမိသခင်၏အလိုကို သိလျက် သခင်အလိုရှိသောအရာကို အသင့်မပြင်ဆင်သော အစေခံသည် ရိုက်နှက်ခြင်းကို ပြင်းစွာခံရလိမ့်မည်။
သခင်က ‘မိုက်မဲသောအစေခံ ငါသည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကို ရိတ်သိမ်းတတ်သူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတို့ပင်လျှင် ကိုယ်တိုင် ပညတ်တရားကို လိုက်နာကျင့်သုံးကြသည်မဟုတ်။ ထိုသူတို့သည် သင်တို့၏ အသွေးအသား၌ အရေပြားလှီးခြင်းအပေါ် ကြွားဝါနိုင်ရန် သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာကို ခံယူစေလိုကြခြင်း ဖြစ်၏။