သင်တို့အပေါ် ပြုစေလိုသည့်အတိုင်း တစ်ပါးသူတို့အပေါ် ပြုကြလော့။ ဤအရာသည် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၏ အချုပ်ဖြစ်၏။
ရောမ 13:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချင်းချင်း မေတ္တာကြွေးမှလွဲ၍ မည်သည့် အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကို ချစ်သောသူသည် ပညတ်တရားကို အပြည့်အဝလိုက်နာသူ ဖြစ်၏။ Common Language Bible အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါးအဘယ် ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးအားချစ် သောသူသည်ပညတ်တရားကိုစောင့်ထိန်း သူဖြစ်၏။- Garrad Bible အ ချင်း ချင်း ထံ မေတ္တာ ကြွေး မှ တစ် ပါး မည် သူ့ ထံ မည် သည့် ကြွေး မျှ မ ခံ နှင့်။ သူ တစ် ထူး ကို မေ တ္တာ ရှိ သူ သည် ပ ညတ် တ ရား ကို အ ပြည့် အ စုံ စောင့် ရှောက် လေ ပြီ။ Judson Bible အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတစ်ပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။- မြန်မာ့စံမီသမ္မာကျမ်း အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။ |
သင်တို့အပေါ် ပြုစေလိုသည့်အတိုင်း တစ်ပါးသူတို့အပေါ် ပြုကြလော့။ ဤအရာသည် ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းတို့၏ အချုပ်ဖြစ်၏။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ချစ်ခြင်းမေတ္တာသည် ကိုယ်နှင့် သက်ဆိုင်သောသူတို့အား အကျိုးမယုတ်စေပါ။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ဘုရားသခင်၏ ပညတ်တော်ကို ပြည့်စုံစေ၏။
ပေးဆောင်ထိုက်သည်ကို ပေးဆောင်ကြလော့။ အခွန်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ အကောက်ဆောင်စရာရှိလျှင် ပေးဆောင်ကြလော့။ ကြောက်ရွံ့ထိုက်သူကို ကြောက်ရွံ့၍ ရိုသေထိုက်သူကို ရိုသေကြလော့။
အဘယ်ကြောင့်ဆိုသော် “ကိုယ်နှင့် သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာလျှင် ပညတ်တရားအားလုံးကို လိုက်နာရာရောက်သောကြောင့် ဖြစ်၏။
အထက်ပါ အကျင့်သီလများ အပေါ်တွင် ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။ ထိုချစ်ခြင်းမေတ္တာသည် သင်တို့အားလုံးကို စည်းလုံးအောင် စုစည်းနှောင်ဖွဲ့ပေး၏။
ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်မှာ ဖြူစင်သောနှလုံးသား၊ စစ်မှန်သောယုံကြည်ခြင်း၊ လိပ်ပြာသန့်သောစိတ်တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်းမေတ္တာနှင့် အချင်းချင်းချစ်ကြရန် ဖြစ်၏။
ကျမ်းစာတွင် ပါသည့် “ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ရွှေပညတ်တော်ကို အမှန်တကယ် လိုက်နာကျင့်သုံးနိုင်လျှင် သင်တို့သည် မှန်ကန်စွာ ပြု၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။