သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
ရောမ 11:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် မယုံကြည်သောစိတ်ကို စွန့်လျှင် ကိုင်းဆက်ကူးခွင့်ကို ပြန်၍ ရကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူတို့ကို ပြန်၍ ကိုင်းဆက်ကူးစေရန် တတ်နိုင်တော်မူသောကြောင့် ဖြစ်၏။ Common Language Bible ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။- Garrad Bible ထို သူ တို့ လည်း မ ယုံ ကြည် သော အ ဖြစ်၌ မ တည် မ နေ လျှင် တစ် ဖန် ဆက် ထား နိုင် သော ဘု ရား သ ခင် သည် ဆက် ထား တော် မူ ဦး မည်။ Judson Bible သူတို့သည် မယုံကြည်သောစိတ်ပျောက်လျှင်၊ အပင်၌တစ်ဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်။ သူတို့ကို တစ်ဖန်ဆက်၍ စိုက်ခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း မယုံကြည်မှုကိုစွန့်ပယ်လျှင် ကိုင်းဆက်ကူးခြင်းခံရကြလိမ့်မည်။ အကြောင်းမူကား သူတို့ကို နောက်တစ်ဖန်ကိုင်းဆက်ကူးရန် ဘုရားသခင်တတ်နိုင်တော်မူ၏။ |
သင်တို့အား ငါပြောဆိုသည်မှာ ‘ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော’ ဟူ၍ သင်တို့မကြွေးကြော်မီအထိ သင်တို့သည် ငါ့ကို မည်သည့်အခါမျှ မြင်ရလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။
အချို့သောအကိုင်းအခက်များ ခုတ်ဖြတ်ခံရပြီး သံလွင်ပင်အရိုင်းဖြစ်သော သင့်ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခုသင်သည် သံလွင်ပင်အမြစ်၏ အဆီအနှစ်ကို မျှဝေခံစားရ၏။
သင်သည် သဘာဝအတိုင်း ရိုင်းသောသံလွင်ပင်မှ ခုတ်ဖြတ်ခြင်းခံရပြီး ကောင်းသောသံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရလျှင် မူရင်းအကိုင်းအခက်တို့ကိုမူ ၎င်းတို့၏အပင်၌ ပို၍ပင် ကိုင်းဆက်ကူးစေနိုင်မည်မဟုတ်လော။
သို့သော် တစ်စုံတစ်ယောက်သည် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုပဝါသည် သူ့ထံမှ ဖယ်ရှားခံရ၏။
သို့ဖြစ်၍ သူတို့သည် မယုံကြည်သောကြောင့် ဘုရားသခင်၏ စံမြန်းနားခိုရာထဲသို့ မဝင်နိုင်ကြသည်ကို ကျွန်ုပ်တို့သိ၏။