ထိုအခါ ကျွန်ုပ်သည် သေရ၏။ ထို့ကြောင့် အသက်ရှင်စေရန် ရည်ရွယ်သော ထိုပညတ်တော်သည် သေစေသည်ကိုလည်း ကျွန်ုပ်တွေ့ရှိရ၏။
ရောမ 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရား၏ နည်းလမ်းအရ လူတစ်ဦးသည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ထိုပညတ်အားလုံးကို လိုက်နာရမည်ဖြစ်ကြောင်း မောရှေရေးသားထား၏။ Common Language Bible ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့် ဘုရား သခင်နှင့်မှန်ကန်စွာဆက်သွယ်ခြင်းအကြောင်း နှင့်ပတ်သက်၍ မောရှေက``ပညတ်တရားကို စောင့်ထိန်းသူသည်အသက်ရှင်လိမ့်မည်'' ဟု ဖော်ပြ၏။- Garrad Bible မော ရှေ က၊ ပ ညတ် တ ရား ဆိုင် ရာ ဖြောင့် မတ် ခြင်း အ တိုင်း ပြု ကျင့် သူ သည် ထို ဖြောင့် မတ် ခြင်း အား ဖြင့် အ သက် တည် လိမ့် မည် ဟု ရေး ထား၏။ Judson Bible မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။- မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်”ဟု ရေးထား၏။ |
ထိုအခါ ကျွန်ုပ်သည် သေရ၏။ ထို့ကြောင့် အသက်ရှင်စေရန် ရည်ရွယ်သော ထိုပညတ်တော်သည် သေစေသည်ကိုလည်း ကျွန်ုပ်တွေ့ရှိရ၏။
ကျမ်းစာတွင် “ပညတ်တရား၌ ပါသော ပညတ်များကို လိုက်နာသောသူသည် ထိုပညတ်များကို လိုက်နာခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရားသည် ယုံကြည်ခြင်း၌ မည်သို့မျှ အခြေမခံပေ။
ခရစ်တော်နှင့် တပေါင်းတစည်းတည်း အသက်ရှင်ရန် ဖြစ်၏။ ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ရရှိသော ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းကို အားမကိုးတော့ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရရှိသော ဖြောင့်မတ်ခြင်းကိုသာ အားကိုး၏။ ထိုဖြောင့်မတ်ခြင်းသည် ဘုရားသခင်သတ်မှတ်တော်မူသောအရာ ဖြစ်ပြီး ယုံကြည်ခြင်းကို အခြေခံ၍ ရရှိသောဖြောင့်မတ်ခြင်း ဖြစ်၏။