Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 3:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ကျမ်းစာ​တွင် “ပညတ်တရား​၌ ပါသော ပညတ်များ​ကို လိုက်နာသောသူ​သည် ထို​ပညတ်များ​ကို လိုက်နာခြင်း​အားဖြင့် အသက်ရှင်​လိမ့်မည်” ဟု ဆို၏။ ထို့ကြောင့် ပညတ်တရား​သည် ယုံကြည်ခြင်း​၌ မည်သို့မျှ အခြေမခံပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 3:12
13 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ကောင်းမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့်​ငါ့​ကို မေးသနည်း။ ကောင်းမြတ်သော​အရှင် တစ်ပါးတည်း​သာ​ရှိ၏။ ထာဝရ​အသက်​ကို ရလို​လျှင် ပညတ်တော်များ​ကို လိုက်နာလော့” ဟု မိန့်တော်မူ၏။


ထိုသို့ ဘုရားသခင်​သည် ထို​သူတို့​အား ကျေးဇူးတော်​ကို အခြေခံ​၍ ရွေးကောက်တော်မူ၏။ သူတို့​၏ အကျင့်​ကို အခြေခံ​၍ ရွေးကောက်တော်မူသည်​မဟုတ်။ လူ့​အကျင့်​ကို အခြေခံ​၍ ရွေးကောက်တော်မူ​လျှင် ဘုရားသခင်​၏ ကျေးဇူးတော်​သည် အစစ်အမှန်​မဟုတ်တော့ပေ။


ဘုရားသခင်​၏ ကတိတော်​သည် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသော​သူတို့​အတွက်​သာ ဖြစ်​လျှင် ယုံကြည်ခြင်း​ကို မလိုအပ်ပေ။ ကတိတော်​သည်လည်း အဓိပ္ပာယ်​မဲ့နေပေမည်။


ထို့ကြောင့် ဘုရားသခင်​၏​ကတိတော်​ကို ယုံကြည်ခြင်း​အားဖြင့် လက်ခံရရှိ၏။ ထို​ကတိတော်​ကို ကျေးဇူးတော်​အားဖြင့် အာဗြဟံ​၏ မျိုးဆက်​အားလုံး လက်ခံရရှိမည်​မှာ အမှန်​ပင်​ဖြစ်၏။ ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​သူတို့​ဖြစ်စေ၊ မကျင့်သုံးသော​သူတို့​ဖြစ်စေ အာဗြဟံ​၌​ရှိသည့် ယုံကြည်ခြင်း​မျိုး ရှိသောသူ​မှန်​လျှင် လက်ခံရရှိမည်​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ယုံကြည်သော​သူတို့​၏ ဖခင်ကြီး​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ထိုအခါ ကျွန်ုပ်​သည် သေရ၏။ ထို့ကြောင့် အသက်ရှင်​စေရန် ရည်ရွယ်သော ထို​ပညတ်တော်​သည် သေစေသည်​ကိုလည်း ကျွန်ုပ်​တွေ့ရှိရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ