ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
ရောမ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းကောင်းမှာ ဘုရားသခင်က မိမိ၏ပရောဖက်များအားဖြင့် မြင့်မြတ်သောကျမ်းစာ၌ ရှေးယခင်ကပင် ကတိထားတော်မူသောအရာဖြစ်ပြီး Common Language Bible ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။- Judson Bible သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသောဝိညာဉ်အားဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း ဤကောင်းမြတ်သောသတင်းသည် မိမိ၏ပရောဖက်များအားဖြင့် သန့်ရှင်းသောကျမ်းစာ၌ ရှေးမဆွကပင် ဘုရားသခင်ကတိပေးထားတော်မူသောအရာဖြစ်ပြီး |
ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
ယေရှုခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် သူ၏အမည်နာမအားဖြင့် အပြစ်တရားမှ ခွင့်လွှတ်ခြင်းခံရမည်ဟု ထိုအရှင်နှင့် ပတ်သက်သည့်အကြောင်းကို ပရောဖက်အားလုံးက သက်သေပြုကြသည်” ဟူ၍ ဟောပြောလေ၏။
ကျွန်ုပ်တို့သည် ဘိုးဘေးများအား ဘုရားသခင်ကတိပြုသော ထိုသတင်းကောင်းကို သင်တို့ထံ ယူဆောင်လာကြ၏။
အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဘုရားသခင်ပေးတော်မူသောကတိတော်ကို စောင့်မျှော်နေခြင်းကြောင့် ယခုအကျွန်ုပ်သည် စစ်ဆေးခံနေရပါ၏။
လူမျိုးခြားတို့သည်လည်း ယုံကြည်၍ နာခံလာစေရန် ပရောဖက်များကြိုတင်ဟောပြောထားသည့်အတိုင်း ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ယခုအချိန်တွင် ထိုသတင်းကောင်းကို လူမျိုးခြားအပေါင်းတို့ထံ ဖော်ပြလေပြီ။
စင်စစ် အဘက်ဘက်၌ အကျိုးများစွာရှိ၏။ ဦးစွာ ဂျူးလူမျိုးတို့သည် ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံယူရရှိကြ၏။
သို့သော် ယခုတွင်မူ ပညတ်တရားကို လိုက်နာကျင့်သုံးရသည့်နည်းလမ်းဖြင့် မဟုတ်ဘဲ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည့် အခြားနည်းလမ်းကို ကျွန်ုပ်တို့အား ဖွင့်ပြတော်မူပြီ။ ထိုနည်းလမ်းအကြောင်းကို ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရှေးယခင်ကပင် ဖော်ပြထားတော်မူခဲ့၏။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။