သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။
ယာကုပ် 5:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏စည်းစိမ်ဥစ္စာများသည် ဆွေးမြည့်၍ သင်တို့အဝတ်အစားများသည်လည်း ပိုးကိုက်စားခံကြရပြီ။ Common Language Bible သင်တို့၏စည်းစိမ်ဥစ္စာသည်ဆွေးမြေ့လေပြီ။ သင်တို့၏အဝတ်များသည်ပိုးကိုက်စားကုန် ပြီ။- Garrad Bible သင် တို့ ပ စ္စည်း များ သည် ဖောက် ပြန် ရာ၊ အ ဝတ် များ သည် ပိုး စား ရာ ဖြစ် လေ ပြီ။ Judson Bible သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏စည်းစိမ်သည် ဆွေးမြည့်၍ သင်တို့၏အဝတ်များကို ပိုးကိုက်စားလေပြီ။ |
သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။
ဥပမာ သင်တို့၏ဝတ်ပြုဆောင်ထဲသို့ ဝင်လာသူနှစ်ဦးတွင် တစ်ဦးသည် ရွှေလက်ဝတ်ရတနာများနှင့် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဆင်းရဲ၍ စုတ်ပြတ်နွမ်းပါးသောအဝတ်ကို ဝတ်ဆင်ထားသူဖြစ်သော်
ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေကိုလည်း ရရှိစေတော်မူ၏။ ဤအမွေကို သင်တို့အတွက် ကောင်းကင်ဘုံ၌ ထိန်းသိမ်းထား၏။