နေမြင့်လာသောအခါ ပူလောင်သောအရှိန်ကြောင့် မြက်ပင်များ ညှိုးနွမ်း၍ အပွင့်များ ကြွေကျကာ အလှတရားများ ပျောက်ကွယ်သွားရ၏။ ထိုနည်းတူ ချမ်းသာသောသူတို့သည် မိမိတို့၏စီးပွားကို ရှာဖွေလျက်နေစဉ် ပျောက်ကွယ်သွားလိမ့်မည်။
ယာကုပ် 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချမ်းသာသောသူတို့… နားထောင်ကြလော့။ သင်တို့အပေါ် ကျရောက်လာမည့် ဒုက္ခဆင်းရဲခြင်းကြောင့် အော်ဟစ်ငိုကြွေးကြလော့။ Common Language Bible ချမ်းသာကြွယ်ဝသူတို့၊ ငါ့စကားကိုနားထောင် ကြလော့။ သင်တို့သည်မိမိတို့တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများအတွက်ငိုကြွေးမြည်တမ်း ကြလော့။- Garrad Bible အ ချင်း သူ ကြွယ် တို့၊ သင် တို့ အ ပေါ် သို့ ရောက် လ တ္တံ့ သော ဆင်း ရဲ ဒု က္ခ များ ကြောင့်၊ ငို ကြွေး မြည် တမ်း ကြ လော့။ Judson Bible အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတ္တံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။ |
နေမြင့်လာသောအခါ ပူလောင်သောအရှိန်ကြောင့် မြက်ပင်များ ညှိုးနွမ်း၍ အပွင့်များ ကြွေကျကာ အလှတရားများ ပျောက်ကွယ်သွားရ၏။ ထိုနည်းတူ ချမ်းသာသောသူတို့သည် မိမိတို့၏စီးပွားကို ရှာဖွေလျက်နေစဉ် ပျောက်ကွယ်သွားလိမ့်မည်။
သို့သော် သင်တို့သည် ဆင်းရဲသောသူတို့ကို ရှုတ်ချကြ၏။ သင်တို့ကို ဖိနှိပ်ချုပ်ချယ်၍ တရားရုံးသို့ ဆွဲခေါ်သွားသောသူတို့သည် ချမ်းသာသောသူများ မဟုတ်လော။
“ယနေ့၊ သို့မဟုတ် မနက်ဖြန် ဤမည်သောမြို့သို့ သွား၍ တစ်နှစ်ပတ်လုံး နေကြမည်။ ထိုမြို့တွင် ကုန်သွယ်၍ ငွေရှာကြမည်” ဟု ပြောသောသူတို့… နားထောင်ကြလော့။
ဝမ်းနည်း၍ ညည်းတွားမြည်တမ်းလျက် ငိုကြွေးကြလော့။ ရယ်မောနေမည့်အစား ညည်းတွားမြည်တမ်းကြလော့။ ဝမ်းမြောက်နေမည့်အစား ဝမ်းနည်းပူဆွေးကြလော့။