သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းဂူဖြစ်၏။ သူတို့၏ လျှာသည် လှည့်ဖြားတတ်၏။ သူတို့၏နှုတ်ခမ်းတွင် မြွေဆိုးအဆိပ်ရှိ၏။
ယာကုပ် 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လျှာကိုမူ မည်သူမျှ မယဉ်ပါးစေနိုင်။ လျှာသည် ထိန်းချုပ်မရအောင် ဆိုးရွားပြီး သေစေတတ်သော အဆိပ်နှင့် ပြည့်နှက်၏။ Common Language Bible သို့ရာတွင်လျှာကိုမူကားအဘယ်သူမျှ ကျိုးနွံအောင်မပြုနိုင်။ ယင်းသည်သေစေတတ် သောအဆိပ်နှင့်ပြည့်ဝလျက်ထိန်းချုပ်၍မရ အောင်ဆိုးရွားလေသည်။- Garrad Bible အ ငြိမ် မ နေ သော ဘေး၊ သေ စေ တတ် သော အ ဆိပ် နှင့် ပြည့် သော လျှာ မူ ကား မည် သူ မျှ မ နှိမ် နင်း နိုင်။ Judson Bible လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။ |
သူတို့၏ လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းဂူဖြစ်၏။ သူတို့၏ လျှာသည် လှည့်ဖြားတတ်၏။ သူတို့၏နှုတ်ခမ်းတွင် မြွေဆိုးအဆိပ်ရှိ၏။
လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။
လူသည် အမျိုးမျိုးသောသားရဲတိရစ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ရေနေသတ္တဝါတို့ကို ယဉ်ပါးစေနိုင်၏။ ယဉ်ပါးအောင်လည်း ပြုခဲ့ပြီ။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။