စာလမုန်နှင့် ဇနီးရာခပ်တို့၏သား ဗောဇဖြစ်၏။ ဗောဇနှင့် ဇနီးရုသတို့၏သား သြဗက်ဖြစ်၏။ သြဗက်သား ယေရှဲဖြစ်၏။
ယာကုပ် 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း တမန်တို့ကို လက်ခံ၍ အခြားလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရသည်မဟုတ်လော။ Common Language Bible ပြည့်တန်ဆာမရာခပ်၏အကြောင်းမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူသည်ဣသရေလ သူလျှိုများကိုကြိုဆိုလက်ခံပြီးနောက် အခြား လမ်းဖြင့်ထွက်ခွာသွားနိုင်ရန်ကူညီမစခဲ့ ပေသည်။ ဤအမှုကြောင့်သူသည်ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုရရှိ၏။ Garrad Bible ထို နည်း တူ ပြည့် တန် ဆာ ရာ ခပ် လည်း စေ တ မန် ဖြစ် သူ တို့ ကို လက် ခံ ပြီး နောက် အ ခြား လမ်း ဖြင့် လွတ် လိုက် ရာ ကိုယ် ကျင့် အား ဖြင့် ဖြောင့် မတ် ရာ ကို ရောက် ခဲ့ သည် မ ဟုတ် လော။ Judson Bible ထိုနည်းတူ၊ ပြည့်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။ |
စာလမုန်နှင့် ဇနီးရာခပ်တို့၏သား ဗောဇဖြစ်၏။ ဗောဇနှင့် ဇနီးရုသတို့၏သား သြဗက်ဖြစ်၏။ သြဗက်သား ယေရှဲဖြစ်၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
ယာသုန်သည်လည်း ထိုသူတို့ကို လက်ခံကြိုဆိုပါပြီ။ သူတို့သည် ယေရှုဟူသော အခြားရှင်ဘုရင်တစ်ပါးရှိကြောင်း ပြောဆိုလျက် ဆီဇာဘုရင်၏အမိန့်တော်ကို ဆန့်ကျင်ကြပါ၏” ဟု အော်ဟစ်ကြ၏။
ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းဖြင့် အစ္စရေးသူလျှိုတို့ကို ငြိမ်းချမ်းစွာ ကြိုဆိုသောကြောင့် မယုံကြည်သူတို့နှင့်အတူ အသက်မဆုံးရှုံးခဲ့ပေ။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
သူ၏ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်ခြင်းနှင့်အတူ ဆောင်ရွက်သည်ကို သင်သိမြင်ရပြီး ထိုလုပ်ဆောင်ခြင်းဖြင့် သူ၏ယုံကြည်ခြင်းသည် ပြီးပြည့်စုံ၏။
လူသည် ယုံကြည်ခြင်းအားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြောင်း သင်တို့သိမြင်ကြ၏။