ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
ယာကုပ် 2:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက်တစ်ခုကို မလိုက်နာလျှင် အလုံးစုံတို့ကို ချိုးဖောက်ရာရောက်သောကြောင့်ဖြစ်၏။ Common Language Bible ပညတ်တော်တစ်ပါးကိုချိုးဖောက်သူသည် ပညတ်တော်အလုံးစုံကိုချိုးဖောက်ရာရောက် ပေသည်။- Garrad Bible မည် သူ မ ဆို တ ရား တော် အ လုံး စုံ ကို စောင့် ရှောက် ရာ ပ ညတ် တစ် ချက် မှောက် မှား လျှင် ပ ညတ် ရှိ သ မျှ နှင့် စပ်၍ ပြစ် ဒဏ် ခံ ထိုက် ၏။ Judson Bible အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။ |
ကျမ်းစာတွင် “ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက်” ဟူ၍ ရေးသားထား၏။ ထို့ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်အတွက် ပညတ်တရားကို လိုက်နာခြင်းကို အားကိုးသော သူတို့သည် ကျိန်ဆိုခြင်းကိုခံရ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတိုင်းသည် ပညတ်တရားအားလုံးကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျွန်ုပ်ထပ်မံ သတိပေး၏။
ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်